အင်းတကော်မြို့တွင် ကမ်းပါးပြိုကျ၍ ဆေးခန်းအပါနေအိမ်များ ပျက်စီးဆုံးရူံး
နေပြည်တော်၊ ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့၊ သာယာအေးကျေးရွာအုပ်စု၊ ကွမ်ပေါင်ကျေးရွာ ကမ်းပါးပြိုကျမှုကြောင့် ဆေးခန်းအပါနေအိမ်များ ပျက်စီးဆုံးရူံးသွားကြောင်း သိရသည်။
ယနေ့ဒီဇင်ဘာလ ၁၇ ရက် နံနက် ၄ နာရီအချိန်ခန့်တွင် ကမ်းပြိုကျမှုကြောင့် မြေကြီးများအက်ကွဲကြောင်းများ ဖြစ်ပေါ်ပြီး ထိုအနီးတွင် တည်ဆောက်ထားသည့် နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုကမ်းပြိုမှုကြောင့် ကျေးရွာဆေးခန်း (တိုက်ခန်းအဆောက်အဦ)၊ ဦးငယ်ငယ်နှင့် ဦးဌေးနိုင်တို့၏ (ဝါး၊ ဓနိအဆောက်အဦ)၊ ဦးဇော်ဦး၏ (တိုက်ခန်းအဆောက်အဦ)၊ ဦးအေးကို၏ (ပျဉ်ခင်း၊ ပျဉ်ကာအဆောက်အဦ)၊ ဦးသောင်း၏ (သစ်သားနေအိမ်)၊ ဒေါ်ညိုဝင်း၏ (တိုက်ခန်းအဆောက်အဦ) နှင့် ဒေါ်စန်းစန်းဝင်း၏ ခြံမြေတို့ကွဲအပ်ပြီး ပျက်စီးဆုံးရူံးမှုဖြစ်ပေါ်ခဲ့သည်။
အဆိုပါကမ်းပြိုမှုကြောင့် လူနှင့် တိရိစ္ဆာန် ထိခိုက်သေဆုံးခြင်းမရှိကြောင်းလည်း သိရသည်။
Photo - Credit
#သတင်းဟင်းလေးအိုးကြီး


