18 w - Translate

ဖိလစ်ပိုင်၌ မီးတောင်ထပ်ပေါက်နိုင်၍လူများကိုဘေးကင်းရာရွှေ့ခိုင်း

မနီလာ၊ဒီဇင်ဘာ ၁၆

ဖိလစ်ပိုင်နိုင်ငံ၌ ပထမအကြိမ်ပေါက်ကွဲအပြီး ၌လှုပ်ရှားမှုမြင့်တက်ကာ ထပ်မံပေါက်နိုင်ခြေရှိသည့် ကန်လွန်မီးတောင်အနီး ခြောက်ကီလိုမီတာအကွာရှိ အန္တရာယ်ဇုန်အတွင်းမှ လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ဒေသတွင်းအစိုးရဌာနများအား ဖိလစ်ပိုင်အစိုးရကအမိန့်ပေးခဲ့ကြောင်းသိရသည်။

ကန်လွန်မီးတောင်သည် ဒီဇင်ဘာ ၉ ရက်နေ့ကပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုအရှိန်ဖြင့် ကောင်းကင်သို့ မီတာ ၄,၀၀၀ အထိ မီးခိုးလုံးများရောက်ရှိခဲ့သည်ဟုလည်းသိရသည်။

ပထမအကြိမ်ပေါက်ကွဲမှုအပြီး၌ မီးတောင်လှုပ်ရှားမှု ထပ်တိုးလာခြင်းကြောင့် အာဏာပိုင်များက ဒေသခံများအား ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်များမှကာကွယ်ရန် အမြန်ရွှေ့ပြောင်းရန်အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အချို့သောဒေသခံများက အန္တရာယ်ကိုလျစ်လျူရှုကာ ရွှေ့ပြောင်းရန်ငြင်းဆန်နေသဖြင့် အာဏာပိုင်များက ပြောင်းရွှေ့ရန်တိုက်တွန်းထားပြီး လူ‌ေ-သဆုံးမှုအနည်းဆုံးဖြစ်စေရန် အစိုးရက ပြီးပြည့်စုံသောကယ်ဆယ်ရေး ဗျုဟာကို အကောင်အထည်ဖေါ် ခဲ့ခြင်း ဖြစ်သည်။

image