မြိတ်မြို့ မီးပွိုင့်လမ်းဆုံတွင် ဖုန်းဆိုင်မီးလောင်မှုဖြစ်ပွား
နေပြည်တော်၊ ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့သစ်ရပ်ကွက်၊ ကောင်းဆုရွှေဆိုင်ဘေး၊ မြို့သစ်ကောင်းရှေ့၊ မီးပွိုင့်လမ်းဆုံတွင် ဖုန်းဆိုင်မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ယနေ့ဒီဇင်ဘာလ ၇ နာရီ ၃၀ အချိန်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ ဒေသခံလူမှုကူညီရေးအသင်း၊ မြိတ်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ရာ ၈ နာရီ ၅ မိနစ်အချိန်တွင် မီးငြိမ်းသတ်သွားကြောင်း သိရသည်။
“ဖုန်းဆိုင်လောင်တာ။ အဲ့အပေါ်ထပ်မှာ လူနေတယ်။ ဘယ်လိုဖြစ်ပြီး လောင်လည်းတော့ မသိဘူး” လို့ ဒေသခံတစ်ဦးမှ ပြောသည်။
ထိုမီးလောင်မှုနှင့်ပတ်သက်ပြီး လက်ရှိအချိန်တွင် စစ်ဆေးနေကြောင်းလည်း သိရသည်။
Photo - Credit
#သတင်းဟင်းလေးအိုးကြီး


