ဘင်္ဂလားဒေ့ရှ်အထွေထွေရွေးကောက်ပွဲကို လာမယ့်နှစ် သို့မဟုတ် ၂၀၂၆ ခုနှစ်မှာကျင်းပမယ်လို့ အိမ် စောင့်အစိုးရအဖွဲ့ခေါင်းဆောင် ပြော
ဘင်္ဂလားဒေ့ရှ် အိမ်စောင့်အစိုးရအဖွဲ့ အကြီးအကဲ မူဟမ်မက် ယူနွတ်က ဘင်္ဂလားဒေ့ရှ် အထွေထွေ ရွေး ကောက်ပွဲကို ၂၀၂၅ ခုနှစ်အတွင်း သို့မဟုတ် ၂၀၂၆ ခုနှစ်အစောပိုင်းမှာ ကျင်းပနိုင်ဖွယ်ရှိတယ်လို့ ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တက္ကသိုလ်ကျောင်းသားများဦးဆောင်ပြုလုပ်တဲ့ ဆန္ဒပြပွဲများကြောင့် ဝန်ကြီးချုပ်ရှိတ်ဟာစီနာဟာ သြဂုတ်လအတွင်း ရာထူးကနေပြုတ်ကျခဲ့ပြီးနောက် ပြည်ပထွက်ပြေးခဲ့ရပါတယ်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာပြည်ပထွက်ပြေးခဲ့ပြီးနောက်ပိုင်း အသက်(၈၄)နှစ်အရွယ်ရှိ နိုဘယ်ဆုရှင်ယူနွတ်က ဘင်္ဂလားဒေ့ရှ် အိမ်စောင့်အစိုးရကို ဦးဆောင်ဖွဲ့စည်းခဲ့ပါတယ်။ ယူနွတ်ဟာ သြဂုတ်လမှာပဲ ဘင်္ဂလားဒေ့ရှ် အိမ်စောင့်အစိုးရအဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ရွေးကောက်ပွဲတစ်ကျော့ပြန်ကျင်းပနိုင်ဖို့ နဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ဦးဆောင်ကြိုးပမ်းနေခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ ခိုင်မာအားကောင်းစေအောင်စိန်ခေါ်မှုများရှိနေတဲ့အတွက် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်အောင် အဓိကထားကြိုးပမ်းလုပ်ဆောင်ရမယ်လို ၎င်းကပြောပါတယ်။
NP
