သွင်းကုန်စည်းကြပ်ခွန်ထိခိုက်နစ်နာမှုသာမက ထရမ့်ရဲ့မူဝါဒကြောင့် အာဆီယံနိုင်ငံတွေ ကုန်သွယ်မှု အခွင့်အလမ်း တချို့လည်း ရလာနိုင်
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၆
ဒေါ်နယ်ထရမ့်ရဲ့ သွင်းကုန်စည်းကြပ်ကောက်ခံခွန်တွေဟာ ထိခိုက်နစ်နာနိုင်ပေမဲ့ ဖွံ့ဖြိုးမှုကို အလေးထားတဲ့ ထရမ့်အစိုး ရကြောင့် အရှေ့တောင်အာရှဒေသဟာ အခွင့်အလမ်းကောင်းတွေရရှနိုင်ဖွယ်ရှိကြောင်း The Nation မှာ ရေးသားဖော် ပြထားပါတယ်။
လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ အိမ်ဖြူတော်မှာ စတင်တာဝန်ထမ်းဆောင်မယ့် ရွေးကောက်ပွဲနိုင် အကြိုသမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ အခြေအနေဆိုးတွေရှိနေတယ်ဆိုတာတောင်မှ စွမ်းအင်ကဏ္ဍ၊ အခြေခံအဆောင်အအုံကဏ္ဍနဲ့ စစ်လက်နက်ပစ္စည်းရောင်းဝယ်ရေးကဏ္ဍတွေမှာ ကုန်သွယ်မှုအလားအလာ ပိုမိုကောင်းမွန်လာနိုင်ဖွယ်ရှိတယ်လို့ဆိုပါတယ်။
အခွင့်အလမ်းတချို့ရလာခဲ့ရင် အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေကြားမှာ ဒစ်ဂျစ်တယ်လ်ထုတ်ကုန်တွေကို လွတ်လပ်စွာ ကုန်သွယ်နိုင်သလို ဒစ်ဂျစ်တယ်လ်ထုတ်လုပ်မှုကဏ္ဍမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာနိုင်တယ်လို့ဆိုပါတယ်။
လာမယ့်လေးနှစ်တာကာလအတွင်း အခြေအနေတွေကို ခန့်မှန်းတွက်ဆကြည့်ဖို့အတွက် စင်္ကာပူနေ့စဉ်ထုတ်သတင်းစာ The Straits Times ဟာ အမေရိကန်နိုင်ငံနဲ့ အရှေ့တောင်အာရှဒေသတွင်းက ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ သံတမန်နယ်ပယ်က အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်သူတွေနဲ့ စကားပြောဆိုခဲ့ ပါတယ်။
အားလုံးထဲမှာ စိတ်အပူဆုံးအကြောင်းအရာကတော့ တရုတ်ကုန်ပစ္စည်းတွေကို အနည်းဆုံး သွင်းကုန်ခွန် ၆၀% ကောက်ခံပြီး တခြားကုန်သွယ်ဖက်နို်င်ငံတွေကို ၂၀% ကောက်ခံမယ်ဆိုတဲ့ ထရမ့်ရဲ့ သွင်းကုန်အခွန်မူဝါဒပဲ ဖြစ်ပါတယ်။
အဲဒီဆောင်ရွက်မှုကြောင့် ပါးကိုက်ရင် နားပြန်ကိုက်တဲ့ဖြစ်ရပ်တွေပေါ်ထွက်လာနိုင်ပြီး ကမ္ဘာ့ကုန်သွယ်မှုကို ထိခိုက်နိုင် တယ်လို့ဆိုပါတယ်။
ဒါပေမဲ့ ခန့်မှန်းလို့မရတဲ့ ထရမ့်ရဲ့သောင်းပြောင်းထွေလာဆုံးဖြတ်ချက်တွေ၊ ရောင်းဝယ်ရေးဆိုင်ရာ သံတမန် အခင်းအကျင်းတွေကို ၎င်းရဲ့သဘောကျနှစ်ခြိုက်မှုနဲ့ “စွမ်းအင်ကဏ္ဍကိုယ့်အားကိုယ်ကိုးမှု” အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းနဲ့ ရေနံတူးဖော်မှုနဲ့ သဘာဝဓာတ်ငွေ့ ပြည်ပနိုင်ငံတင်ပို့မှုတွေ တိုးချဲ့ဆောင်ရွက်ခြင်းတို့လို သီးသန့်အစီအစဉ်တွေက အာ ဆီယံဒေသအတွက် အကျိုးကျေးဇူးတွေရရှိနိုင်ကြောင်း ဖော်ပြနေတယ်လို့ ဆိုပါတယ်။
“ဒေသတွင်း စွမ်းအင်ကုန်သွယ်ရေးဗဟိုချက်မနိုင်ငံတစ်ခုအဖြစ် စင်္ကာပူနိုင်ငံရဲ့အခြေအနေဟာ ထရမ့်ရဲ့ စွမ်းအင်ပြည်ပ ပို့ကုန်မောင်းနှင်အားနဲ့ ကိုက်ညီသွားနိုင်ပါတယ်။” လို့ ဝါရှင်တန်အခြေစိုက် Asia Society Policy Institute အဖွဲ့ရဲ့ နိုင်ငံ တကာလုံခြုံရေးနဲ့ သံတမန်ရေးရာ ဒုတိယဥက္ကဋ္ဌ ဒန်နီရယ်ရပ်ဆဲလ်က ပြောပါတယ်။
ထရမ့်လက်ထက် အမေရိကန်ရဲ့ ပြောင်းလဲမှုတွေဟာ စွမ်းအင်ကဏ္ဍကို အမျိုးမျိုးပြောင်းလဲဆောင်ရွက်ပြီး အခြေခံအ ဆောက်အအုံတွေကို အဆင့်မြှင့်ဖို့ ကြိုးပမ်းနေတဲ့ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့လို နိုင်ငံတွေ အတွက်လည်း အကျိုးကျေးဇူး ရနိုင်ဖွယ်ရှိတယ်လို့ ၎င်းက ပြောပါတယ်။
ထရမ့်လက်ထက်မျာ ကုန်သွယ်ရေးတီထွင်ဖန်တီးမှုအစီအစဉ်အတွက် အခွင့်အလမ်းလုံးဝမရှိပေမဲ့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို ပြောင်းလဲပြီး မဟာဗျူဟာမြောက်ကဏ္ဍအလိုက်ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတစ်ခု ပေါ်ထွက်လာနိုင်ကြောင်း အရှေ့တောင်အာရှဒေသက အကြီးမားဆုံးအမေရိကန်စီးပွားရေးလုပ်ငန်း ၁၈၀ ကို ကိုယ်စားပြုတဲ့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ တက်ဒ်အိုးဇီးယက်စ်က ပြောပါတယ်။
“ကျွန်တော်တို့ ကုမ္ပဏီတွေဟာ စွမ်းအင်လွှဲပြောင်းသယ်ယူရေး၊ ဒစ်ဂျစ်တယ်လ်စီးပွားရေးနဲ့ ပတ်သက်ပြီး အထူးဂရုတ စိုက် စဉ်းစားနေပါတယ်။” လို့ ၎င်းက ပြောပါတယ်။
သန့်စင်တဲ့စွမ်းအင်နဲ့ ဒစ်ဂျစ်တယ်လ်စီးပွားရေးလုပ်ငန်းအကူးအပြောင်းမှာ အဓိက အရေးပါတဲ့ လစ်သီယမ်၊ ကိုဘဲ့လ်တ်၊ ဂရပ်ဖိုက်နဲ့ ဂါလီယမ်တို့လို အရေးကြီးတဲ့သတ္တုတွေအတွက် ကုန်သွယ်ရေးသဘောတူညီချက်က နောက်ထပ်နယ်ပယ် တစ်ခုဖြစ်ကြောင်း အိုးဇီးယက်စ်က ပြောပါတယ်။
Ref: Not just tariffs: Trump 2.0 could bring some trade deals for Southeast Asia too
#သတင်းဟင်းလေးအိုးကြီး
