18 ပတ် - ဘာသာပြန်ပါ။

အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲဝင် မြန်မာအသင်းတွင် လွဲချော်ခဲ့သည့် ကစားသမားအချို့ ပြန်လည်ပါဝင်လာမည်

ဒီဇင်ဘာ ၁၆

လက်ရှိကျင်းပနေတဲ့ အာဆီယံချန်ပီယံရှစ် ၂၀၂၄ ဘောလုံးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ့လက်ရွေးစင်အသင်းမှာ ယခင်ပွဲစဥ်တွေမှာ အကြောင်းကြောင်းကြောင့် လွဲချော်ခဲ့ရတဲ့ ကစားသမားအချို့ လာမယ့်ပွဲစဥ်တွေမှာ ပြန်လည်ပါဝင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံကနေ သိရပါတယ်။

ပါဝင်လာမယ့် ကစားသမားတွေက နောက်ခံလူ စိုးမိုးကျော်နဲ့ တိုက်စစ်မှူးဝင်းနိုင်ထွန်းတို့ဖြစ်ကြပြီး နောက်ခံလူစိုးမိုးကျော်ဟာ ဒဏ်ရာကြောင့် ရှေ့ပွဲစဉ်၂ပွဲကို မပါဝင်နိုင်ခဲ့သလို တိုက်စစ်မှူးဝင်းနိုင်ထွန်းကတော့ သူကစားနေတဲ့ ထိုင်းကလပ် ချင်းရိုင်အသင်းက စေလွှတ်ခြင်းမရှိတာကြောင့် ရှေ့ပွဲတွေနဲ့ လွဲချော်ခဲ့ရတာပါ။

လက်ရှိမှာတော့ တိုက်စစ်မှူးဝင်းနိုင်ထွန်းဟာ ဒီဇင်ဘာ၁၆ရက်မှာ မြန်မာနိုင်ငံကို ရောက်ရှိပြီး လက်ကျန်၂ပွဲကို ပါဝင်ကစားမှာဖြစ်သလို နောက်ခံလူစိုးမိုးကျော်ကလည်း လာအိုနဲ့ပွဲမှာ ပြန်လည်ပါဝင်လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။

အုပ်စုပွဲစဉ်၂ ပွဲ ယှဉ်ပြိုင်ကစားပြီး ချိန်မှာ တစ်ပွဲရှုံး၊ တစ်ပွဲသရေနဲ့ ရမှတ်(၁)မှတ် ရရှိထားတဲ့ မြန်မာအသင်းဟာ လာမယ့်ဒီဇင်ဘာ ၁၈ ရက်မှာ လာအိုအသင်းနဲ့ အိမ်ကွင်းပွဲစဉ်၊ ဒီဇင်ဘာ၂၁ ရက်မှာ ဗီယက်နမ် အသင်းနဲ့ အဝေးကွင်းပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရမှာဖြစ်တယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

imageimage