နိုင်ငံကျော်အနုပညာရှင် ၃၀ ပါဝင်သီဆိုမည့် Myanmar Countdown ပွဲကြီးကို နေပြည်တော်တွင် ဝင်ကြေးအခမဲ့ (၃) ရက်တိုင် ဖျော်ဖြေမည်

နေပြည်တော်၊ ဒီဇင်ဘာ ၁၆

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း (၁/၂)တွင် နိုင်ငံကျော်အနုပညာရှင် ၃၀ ပါဝင်သီဆိုမည့် Myanmar Countdown ပွဲကြီးကို ဝင်ကြေးအခမဲ့ (၃) ရက်တိုင် ဖျော်ဖြေမည်လို့ သိရပါတယ်။

ထိုနိုင်ငံကျော်အနုပညာရှင် ၃၀ ပါဝင်သီဆိုမည့် Myanmar Countdown ပွဲကြီးကို ဒီဇင်ဘာလ ၂၉၊ ၃၀ နှင့် ၃၁ ရက်အထိ ကျင်းပသွားမည်လို့ သိရပါတယ်။

အဆိုပါ သီဆိုဖျော်ဖြေမည့် နိုင်ငံကျော်အနုပညာရှင်များမှာ Bobby Soxer၊ ပုံရိပ်၊ လွှမ်းပိုင်၊ ချမ်းမြေ့မောင်ချို၊ ထက်ယံ၊ Examplez၊ Double J၊ Team 143၊ ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ်၊ ဖြိုးပြည့်စုံ၊ Jewel၊ နေမင်းအိမ်၊ ဝေလ၊ ဘိုဖြူ၊ ဟဲလေး၊ နောနော်၊ အိုင်းရင်းဇင်မာမြင့်၊ ရဲရင့်အောင်၊ ယွန်းမြတ်သူ၊ ရတနာမိုင်၊ J Fire၊ အစ္စဏီ၊ သိန်းလင်းစိုး၊ အောင်ထက်၊ Jason Ace ၊ မဟော်၊ ချစ်ကောင်း၊ Project K၊ Awasome Boyz တို့ဖြစ်ကြောင်း သိရပါတယ်။

Photo - Credit

#သတင်းဟင်းလေးအိုးကြီး

image
image
image