မော်လမြိုင်မြို့ရှောင်လမ်းတွင် ကုန်တင်ယာဥ်နှင့် ဆိုင်ကယ်တိုက်မိရာ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ဒီဇင်ဘာ ၁၆
မော်လမြိုင်မြို့ရှောင်လမ်း၊ မြေနီကုန်းကားဝင်းအရှေ့တွင် ကုန်တင်ယာဥ်နှင့်ဆိုင်ကယ်တိုက်မိရာ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၄ ရက် ည ၆ နာရီ ၁၀ မိနစ်အချိန်တွင် ယာဥ်တိုက်မိကြောင်း သတင်းရရှိသောကြောင့် ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးနှင့်ဘိုဘိုဝင်းအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းတို့မှ ဖြစ်စဥ်နေရာသို့ သွားရောက်ခဲ့ကြောင်း သိရသည်။
"ကားရဲ့ဘယ်ဘက်ခြမ်းနဲ့ဆိုင်ကယ်တိုက်မိတာ။ ဆိုင်ကယ်မောင်းတဲ့သူ အမျိုးသားက ပွဲချင်းပြီး။ ဆိုင်ကယ်နောက်ကလိုက်တဲ့သူ အမျိုးသားလည်း ဒဏ်ရာရတယ်။ ကားမောင်းတဲ့သူလည်းရှိတယ်" လို့ ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
ထိုအခင်းနေရာတွင် သေဆုံးသူအမျိုးသားမှာ အသက် ( ၅၀) ကျော်ရှိကြောင်း ရုပ်အလောင်းကို ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းမှ မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း၊ ဒဏ်ရာရရှိသူအမျိုးသားကို ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအသင်းတို့မှ ပူးပေါင်း၍ ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
Photo -Credit
#centralnewsnaypyitaw
