မြန်မာနိုင်ငံသား ငါးဖမ်းသမား ၆ ဦးကို ထိုင်းနိုင်ငံက လက်တုံ့ပြန် ဖမ်းဆီ
ဒီဇင်ဘာ ၁၆
မြန်မာ့ရေပိုင်နက်တွင် ငါးခိုးဖမ်းသူ ထိုင်းနိုင်ငံသားလေးဦးကို ပြန်လွှတ်ရေးလုပ်ငန်းစဥ်မပြီးပြတ်သေးသည့်အချိန်တွင် ထိုင်းနိုင်ငံက မြန်မာနိုင်ငံသားငါးဖမ်းလုပ်သား ၆ ဦးကို လက်တုံ့ပြန် ဖမ်းဆီးလိုက်သည်။
မြန်မာနိုင်ငံမှ ငါးဖမ်းရေယာဉ် ပြည့်ဖြိုးလှိုင် – ၁၈ နှင့် မြန်မာနိုင်ငံသား ခြောက်ဦးကို တရားမဝင် ရေထွက်ကုန်များ မှောင်ခို သယ်ဆောင်မှုဖြင့် ရနောင်းမြို့တွင် ဖမ်းဆီးခဲ့ကြောင်း Thai Enquirer က ဒီဇင်ဘာ ၁၄ ရက်တွင် ဖော်ပြမှုအရ သိရသည်။
အဆိုပါ ပြည့်ဖြိုးလှိုင် – ၁၈ ငါးဖမ်းသင်္ဘောပေါ်တွင် တင်သွင်းခွင့် မရှိသော အလေးချိန် တန် ၄၀ ခန့်ရှိ ဆားထုပ် အိတ် ၂၀၀၀ ခန့် သိမ်းဆည်းရမိခဲ့ကြောင်းနှင့် မြန်မာသင်္ဘောသားခြောက်ဦးအား ပက်နမ်ရနောင်း ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်က ထိုင်း ဆွဲပိုက်ချ ငါးဖမ်းသင်္ဘောဖြစ်သည့် Sor Charoenchai 8 ပေါ် ထိုင်း နိုင်ငံသားလေးဦးနှင့် မြန်မာနိုင်ငံ သား ၂၇ ဦး လိုက်ပါလာပြီး အခြားသင်္ဘောများနှင့်အတူ မြန်မာ့ရေပိုင်နက်အတွင်း ဝင်ရောက်ကာ ငါးခိုးဖမ်းနေချိန် မြန်မာရေတပ် စစ်သင်္ဘောတစ်စီးနှင့်တွေ့ပြီး သတိပေးချိန် ထွက်ပြေးတာကြောင့် ခြောက်လှန့်ပစ်ခတ်ခဲ့မှုနှင့် မြန်မာ့ရေပိုင်နက်အတွင်း ဖမ်းဆီးမိခဲ့သော်လည်း ထိုင်းနိုင်ငံ၏ တောင်းဆိုမှုအရ ငါးခိုးဖမ်းသူထိုင်းနိုင်ငံသားလေးဦးကို ပြည်နှင်ဒဏ်ပေး ပြန်လွှတ်ရန် လုပ်ဆောင်နေသော်လည်း လုပ်ငန်းစဥ်မပြီးပြတ်မှုကြောင့် နှောင့်နှေးနေသည်။
ထိုင်းငါးဖမ်းသမားလေးဦး ပြန်လည်လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မာရစ် ဆန်ဂီရမ်ပွန်ဆာက မြန်မာနိုင်ငံဆီ လာရောက်ပြီး တာဝန်ရှိသူများနှင့် ဒီဇင်ဘာလ ၁၉ ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဟုလည်း သိရသည်။
Ref, Thai Enquirer
Credit - MT News Agency
https://t.me/MT_News_Media/50597
#သတင်းဟင်းလေးအိုးကြီး
