"အနာဂတ်လူတော်လူကောင်းတွေ မွေးထုတ်ပေးမယ့် လက်တစ်စုံ သိဖို့ရာ "
မိဘတိုင်းကတော့ ကိုယ့်ရင်သွေးငယ်တွေကိုလူတကာထက် တော်စေ၊တတ်စေချင်ကြတာ အမှန်ပါပဲ။အခုမှဖေဖေမေမေ စဖြစ်တဲ့သူတွေမှာလဲ သားသမီးတွေကိုဆုံးမရာမှာ စိတ်ညစ်စရာတွေ
ရှိကောင်း ရှိနေနိုင်ပါတယ်။မြန်မာမိဘ အများစုရဲ့ အယူအဆမှာတော့ အမှားလုပ်တာနဲ့ ရိုက်တတ်ကြပါတယ်။ ရိုက်လိုက်တာနဲ့ ခေါင်းထဲစွဲသွားမယ်ဆိုတဲ့ အယူအဆအမှားတွေကို ကျင့်သုံးမှန်းမသိ ကျင့်သုံးနေကြတာပါ။
အဲ့ဒီလို ရိုက်တဲ့အခါ နုနယ်တဲ့အချိန်မှာ ဖြတ်သန်းရတဲ့ အကြောင်းအရာတွေကြောင့် ကလေးရဲ့စိတ်အတွင်းပိုင်းမှာတော့ ကြောက်စိတ်နဲ့သာ မှတ်မိခဲ့တဲ့ မှတ်ဉာဏ်မျိုးအဖြစ် တသက်လုံးစာ ရောက်ရှိသွားနိုင်ပါတယ်။ကလေးတွေက မလုပ်သင့်တာကို ကွဲကွဲပြားပြားသိတာမျိုးမဟုတ်ပဲ မိဘတွေက ရိုက်လို့ ကြောက်စိတ်နဲ့ မှတ်သားထားခြင်းမျိုးဖြစ်နေတာပါ။
အထူးသဖြင့် သားယောက်ျားလေး
ပိုင်ဆိုင်ထားသူတွေမှာ အဖြစ်များလေ့ရှိပြီး အလွန်အကြူး မဖြစ်အောင်နဲ့ မလွတ်ထွက်သွား အောင် အောက်ပါဆောင်ရန်၊ရှောင်ရန် အချက်တွေကို သိထားပြီး ညီညီမျှမျှ ပြုပြင်ထိန်းသိမ်းသင့်ပါတယ်။
💥*တင်းလွန်းတဲ့ကြိုးကပြတ်တတ်ပါတယ်*မိဘကိုကြောက်ရလွန်းတဲ့ လူငယ်တစ်ယောက်ဟာ စိတ်ထွက်ပေါက်ရှိတဲ့အရာတွေကို လက်တည့်စမ်းလာနိုင်ပါတယ်။
💥ကလေးတွေ သိမြင်နားလည်စေဖို့
စိတ်ရှည်ရှည်ထားပြီး ရှင်းပြသင့်ပါတယ်။မလုပ်သင့်မလုပ်ထိုက်တာကို မလုပ်ဖို့အတွက် အသေအချာ နားချတာမျိုးတွေပါ။
💥ဥပမာပေး ဆုံးမတာမျိုး လေသံမမာဘဲ
ဒီလိုလုပ်ရင် ဒီလိုဖြစ်တတ်ကြောင်း မျက်လုံးထဲမြင်ယောင်လာအောင် ဥပမာပေး ဆုံးမသင့်ပါတယ်။
💥*အိုးကောင်းနာနာရိုက်*ဆိုတဲ့ စကားပုံ
ရှိပေမယ့် အရိုက်လွန်ရင်ကွဲတတ်ပါတယ်။ အော်ငေါက်ဆုံးမခြင်းက ကလေးကိုအရိုင်းစိတ်ဝင်သလိုဖြစ်စေပြီး ကလန်ကဆန်လုပ်တာတွေ ပုံစံတူ အော်ဟစ်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။
💥ပညာပေး ဇာတ်ကားတွေ ပြပေးခြင်း အားဖြင့်လည်း မဖြစ်သင့်တာတွေကို ကြိုတင်ကာကွယ် စေနိုင်ပါတယ်။
အနှစ်ချုပ် ဆိုရရင်တော့ မိဘတိုင်း သိထားသင့်တာက ဆူပူကြိမ်းမောင်းနေမယ့်အစား နားလည်အောင် ရှင်းပြခြင်းက ကလေးကိုတွေးခေါ်နိုင်စွမ်း မြင့်မားတဲ့ လူရည်ချွန်တစ်ဦးအဖြစ် ရှိနေစေမယ် ဆိုတာပါပဲ။
ဒါကြောင့် အခုလို အချက်တွေကို မိဘတိုင်းက သေချာစွာ အလေးထားလိုက်နာပြီး ထိန်းမတ်ပြုပြင်ခြင်းဖြင့် အနာဂတ်ရဲ့ သိတတ်လိမ္မာတဲ့ လူချွန်လူကောင်းလေးတွေ ပိုင်ဆိုင်နိုင်အောင် ပျိုးထောင်နိုင်ကြပါစေလို့ တောင်းဆုပြုလိုက်ရပါတယ်ခင်ဗျာ။
#babyfirsts
