ဆောရီး ...
လိုမှန်းမသိ ၊ မလိုမှန်းမသိ
ကျွန်တော်ကပဲ ပိုပေးနေမိတာပါ ။
ကျွန်တော် ချစ်သလို
ဘာလို့ ပြန်မချစ်ပေးနိုင်ရတာလဲ ဆိုပြီး
တစ်ချိန်လုံး တွေးနေမိတဲ့ ကျွန်တော်ပဲ မှားတာ
တကယ်တမ်းကျတော့ ကျွန်တော်ချစ်တာကို
ခင်ဗျားက လိုချင်ခဲ့တာမှ မဟုတ်တာ
ကျွန်တော်ကပဲ ပိုပေးနေမိတာ မဟုတ်လား။ ။
မေတ္တာမှန်ရင်
ရောင်ပြန်လာလိမ့်မယ် ဆိုတဲ့ စကားကို
ကျွန်တော် အမှတ်မှားခဲ့တာ
မေတ္တာတွေ ဘယ်လောက်ပဲ စစ်မှန်ပါစေ
မလိုတဲ့ လူတစ်ယောက်ကို
ပေးနေမိသရွေ့ကတော့
အပိုပါပဲ ။
#ကျေးကို
2.12.2024
#စာတို မှပြန်လည်မျှဝေသည်
