18 ပတ် - ဘာသာပြန်ပါ။

အိန္ဒိယနိုင်ငံတမီနာဒူးလ်၌ ဆေးရုံမီးလောင်၍ လူ ၇ ဦး‌သေဆုံး

နူးဒေလီ၊ဒီဇင်ဘာ ၁၄

အိန္ဒိယနိုင်ငံတောင်ပိုင်း တမီနာဒူးလ်ပြည်နယ်ရှိ ပုဂ္ဂလိကဆေးရုံတစ်ခု၌ မီးလောင်ခဲ့သဖြင့် လူ ၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က သောကြာနေ့တွင်ပြောကြားခဲ့သည်။

တမီနာဒူးလ်ပြည်နယ် မြို့တော်ချန်နိုင်းအနောက်ဘက် ၄၃၀ ကီလိုမီတာအကွာရှိ ဒင်ဒီဂယ်ဒေသ ထရစ်ချီလမ်းမှ အရိုးဆေးရုံ၌ မီးလောင်ကျွမ်းခဲ့ပြီး ဆေးရုံ၏ လေးထပ်တွင် ဝါယာရှော့ခ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။

မီးလောင်စဉ်အတွင်း ဓါတ်လှေကားထဲ၌ပိတ်မိနေသူ ၆ ဦးကို အချိန်မီကယ်တင်နိုင်ခဲ့သည်ဟုလည်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ အသက်ရှူကြပ်သည့်လက္ခဏာများ ကို ခံစားခဲ့ကြရသော်လည်း ဆေးရုံသို့ပို့ဆောင်လိုက်ပြီးနောက် အခြေအနေတည်ငြိမ်သွားကြောင်း သိရသည်။

မီးသတ်သမားများအနေဖြင့် မီးငြှိမ်းနိုင်ရန် အချိန်အတော်ကြာယူခဲ့ရပြီး မီးကိုထိန်းချုပ်နိုင်ခဲ့သည်ဟုလည်းသိရသည်။ အိန္ဒိယ၌ လူအများသည် လုံခြုံရေးစံချိန်စံညွှန်းများကို လျစ်လျူရှုထားမှုများကြောင့် အဆောက်အုံများသည် မကြာခဏဆိုသလို မီးလောင်ကျွမ်းလေ့ရှိသည်။