တရုတ်နှင့်အမေရိက သိပ္ပံ၊နည်းပညာပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို ၅ နှစ်သက်တမ်းတိုး
ပေကျင်း၊ဒီဇင်ဘာ ၁၄
အမေရိကနှင့်တရုတ်တို့သည် သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို ပြင်ဆင်ရန်နှင့်သက်တမ်းတိုးရန်အတွက် နှစ်ဖက်တာဝန်ရှိသူများ သောကြာနေ့က လက်မှတ်ရေးထိုးခဲ့ကြသည်ဟုသိရသည်။
ဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့က စတင်သည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ကို နောက်ထပ် ၅ နှစ်ထပ်မံသက်တမ်းတိုးခဲ့ကြကြောင်းသိရသည်။
အဆိုပါသဘောတူညီချက်စာချုပ်ကို ၁၉၇၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က တရုတ်သမ္မတ တိန့်ရှောင်ဖိန်နှင့် ၃၉ ယောက်မြောက်အမေရိကန်သမ္မတ ဂျင်မီကာတာတို့လက်ထက်၌ စတင်သဘောတူလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးစတင်ပြီး ပထမဆုံး လက်မှတ်ရေးထိုးခဲ့သောစာချုပ်လည်းဖြစ်ကြောင်းသိရသည်။
ထိုအချိန်မှစ၍ အဆိုပါသဘောတူညီချက်ကို ငါးနှစ်တစ်ကြိမ်သက်တမ်းတိုးခဲ့ပြီး နှစ်နိုင်ငံအကြား သိပ္ပံနှင့်နည်းပညာဖလှယ်မှုများအတွက် လမ်းခင်းပေးနိုင်ခဲ့သည့်သဘောတူညီချက်လည်းဖြစ်လာခဲ့သည်။