19 ပတ် - ဘာသာပြန်ပါ။

ရန်ကုန် ခရေပင်လမ်းခွဲတွင် စက်ရုံကြို/ပို့ကားတိမ်းမှော-က် ၄ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ခရေပင်လမ်းခွဲအနီး၌ ယနေ့ ဒီဇင်ဘာ ၁၄ ရက်ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က စက်ရုံကြို/ပို့ကား တိမ်းမှော-က်ခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲချုပ်(ရန်ကုန်)ထံမှ သိရသည်။

မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမကြီးအတိုင်းမောင်းနှင်လာသည့် TRUCK အမျိုးအစား စက်ရုံဝန်ထမ်းကြို/ပို့ကားသည် ခရေပင်လမ်းခွဲအနီးအရောက် တိမ်းမှော-က်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ တိမ်းမှော-က်ခဲ့သဖြင့် စက်ရုံဝန်ထမ်း အ မျိုးသား(၂)ဦးနှင့်အမျိုးသမီး(၂)ဦးတို့တွင် ထိ ခိုက်ဒဏ်ရာများ(စိုးရိမ်ရနှင့်မစိုးရိမ်ရ)များရရှိခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များနှင့် စမ်းကြီးဝမူစလင်လူငယ်များလူမှုကူညီရေးအသင်း၊ မာတာလူမှုကူညီရေးအသင်း၊ မြသီတာလူမှုကူညီရေးအသင်း၊ ကြယ်စင်မေတ္တာလူမှုကူညီရေးအသင်းတို့မှ ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိသူများအား မြေ ပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြပြီးနောက် အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

image