❝ကိုရီးယားရှိ ကုန်ထုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်းအတွက် မြန်မာလုပ်သားများကို ခေါ်ယူတော့မည်ဟု POEA- EPS အသိပေး❞

ဒီဇင်ဘာ ၁၄

၂၀၂၄ ခုနှစ် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ (EPS- TOPIK) နှင့် Skills Test (ကုန်ထုတ်လုပ်ငန်း ပထမအသုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်းအုပ်စု - ၁) အောင်မြင်ပြီးသူများအား ဒီဇင်ဘာလ နောက်ဆုံးရက်သတ္တပတ် သို့မဟုတ် လာမည့်နှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် အလုပ်လျှောက်လွှာခေါ်ယူတော့မည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA- EPS) က အသိပေးကြေညာထားသည်။

အဆိုပါ ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ ကုန်ထုတ်လုပ်ငန်း ပထမအသုတ်တွင် အောင်မြင်ထားသူ ၅၃၇၇ ဦးရှိခဲ့သလို ဝန်ဆောင်မှုလုပ်ငန်း (အုပ်စု-၁) တွင် အောင်မြင်ထားသူ ၇၁ ဦးရှိခဲ့သည်ဟု အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၏ စာရင်းအရ သိရသည်။

ယခုအခါ ယင်းလုပ်သားများအနက် အချို့ကို အလုပ်လျှောက်လွှာခေါ်ယူတော့မည်ဖြစ်သဖြင့် ကျန်းမာရေးဂရုပြုကြရန်လည်း အသိပေးထားသလို နိုင်ငံကူးလက်မှတ်စာအုပ်သက်တမ်းအနည်းဆုံး တစ်နှစ်အထက်ရှိရန် လိုအပ်သည်ဟုလည်း POEA- EPS က ကြိုတင်အသိပေးထားသည်။

၂၀၂၄ ခုနှစ်တွင် စာမေးပွဲလျှောက်လွှာတင်သွင်းသူများသည် ကိုရီးယားဘာသာအရည်အချင်းစစ်ဆေးခြင်း (EPS-TOPIK) ကုန်ထုတ်လုပ်ငန်း (ဒုတိယအသုတ်) စာမေးပွဲကို ၂၀၂၅ ခုနှစ် နှစ်ဆန်းတွင် ဖြေဆိုရမည်ဖြစ်ပြီး HRD-Korea မှ အချိန်ဇယားပေးပို့လာပါက ဆက်လက်ကြေညာပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

Credit - MHT News Agency

#သတင်းဟင်းလေးအိုးကြီး

image