19 w - Translate

ဗဟိုဘဏ်မှ ဒေါ်လာ (၂၈) သန်းခွဲ ထပ်မံထုတ်ရောင်းထား

ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒီဇင်ဘာလ (၁၂) ရက်တွင် ဒေါ်လာ (၂၈)သန်းခွဲ ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။

ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် အဓိကလိုအပ်သည့် ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို အလုံးအရင်းဖြင့် ဆက်တိုက်ထုတ်ရောင်းပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ဗဟိုဘဏ်အနေဖြင့် ယခုဒီဇင်ဘာ နှစ်ပတ်အတွင်း သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ (၈၁) သန်းခွဲ၊ ထိုင်းဘတ် (၃၀၈ ဒသမ ၀၆၉) သန်းနှင့် တရုတ်ယွမ် (၈ ဒသမ ၄၀၇) သ န်းအထိ ရောင်းချပေးထားပြီးဖြစ်သည်။

ဗဟိုဘဏ်မှ ဒေါ်လာဈေးမြင့်တက်ပြီးနောက်ပိုင်း နိုင်ငံခြား ငွေများကို အလုံးအရင်းဖြင့် ထုတ်ရောင်းပေးခဲ့ပြီး နိုင်ငံခြားငွေလဲနှုန်းသည် ကျဆင်းခဲ့ရာ ယနေ့တွင် တစ်ဒေါ်လာ (၄,၄၅၀)ကျပ်၊ ထိုင်းဘတ် တစ်ဘတ် (၁၃၂) ကျပ်နှင့် တရုတ် ယွမ် တစ်ယွမ် (၆၁၇) ကျပ်ဖြင့် ဈေးနှုန်းအတတ်အကျမရှိ ဈေးငြိမ်နေကြောင်း သိရသည်။

image