19 ပတ် - ဘာသာပြန်ပါ။

အမျိုးသားအားကစားပွဲတော် တိုင်း/ပြည်နယ်အဆင့် ဘောလုံးပွဲတွင် ရန်ကုန်တိုင်းအသင်း ကွာတားဖိုင်နယ်အဆင့် တက်ရောက်

ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် တိုင်းနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲ၌ ရန်ကုန်တိုင်း အမျိုးသားဘောလုံးအသင်းအနေဖြင့် အုပ်စုတွင်း ပထမ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။

ယမန်နေ့ ဒီဇင်ဘာ(၁၂)ရက်က ချင်းပြည်နယ် အမျိုးသားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ (၄) ဂိုးပြတ်ဖြင့် အနိုင်ရယူပြီး ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ ပွဲစဉ်တွင် ရန်ကုန်တိုင်းအသင်းအတွက် သွင်းဂိုးများကို ကောင်းခန့်လွင်၊ သက်ပိုင်စိုး၊ အာကာစည်သူတို့က သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် ရန်ကုန်တိုင်းအသင်းသည် (၂) ပွဲနိုင်၊ (၁ )ပွဲရှုံး၊ ရမှတ် (၆) မှတ် ရရှိထားပြီဖြစ်သည်။

အုပ်စုတွင်း ပထမ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည့်ရန်ကုန်တိုင်းအသင်းအား ရန်ကုန်တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌမှ ဆုကြေးငွေကျပ် သိန်း (၃၀)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးချစ်ကိုကို မှ ငွေကျပ် သိန်း (၂ဝ) စုစုပေါင်း ငွေကျပ် သိန်း (၅၀) ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

image