❝မန္တလေး၊ သီရိမင်္ဂလာကားဝင်းအတွင်း မီးလောင်မှုတစ်ခုဖြစ်ပွား❞
ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ သီရိမင်္ဂလာကားဝင်းအတွင်း၌ ယနေ့ ဒီဇင်ဘာ (၁၂) ရက်၊ နံနက်အစောပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့သဖြင့် နာရီဝက်ကျော် မီးငြှိမ်းသတ်ခဲ့ရသည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သတင်းအရ သိရသည်။
ယင်းမီးလောင်မှုသည် ယနေ့နံနက် (၂)နာရီ (၃၈)မိနစ်အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် (၃)နာရီ (၁၁)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟုဆိုသည်။
လက်ရှိတွင် အဆိုပါ မီးလောင်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ ထိခိုက်ပျက်စီးဆုံးရှုံးမှု တန်ဖိုးနှင့် မီးလောင်မှုအကြောင်းရင်းကို သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့မှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#သတင်းဟင်းလေးအိုးကြီး




