19 w - Translate

ယနေ့ တစ်ရက်တည်းတွင် ဒုတိယအကြိမ်မြောက် မြေငလျင်လှုပ်ခတ်မှုဖြစ်ပွား

ယနေ့ ဒီဇင်ဘာ (၁၁)ရက် နံနက်(၁၀)နာရီ (၂၆)မိနစ်အချိန်တွင် မိုင်းဆတ်မြို့အနီး ၃ ဒဿမ ၃ အဆင့်ရှိ ဒုတိယအကြိမ်မြောက် မြေငလျင်ငယ်တစ်ခု ထပ်မံလှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မြေငလျင်သတင်းစင်တာက အသိပေးထုတ်ပြန်သည်။

ယနေ့ နံနက် မြန်မာစံတော်ချိန် (၇)နာရီ (၅၅) မိနစ်အချိန်တွင်လည်း စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့အနီး ၄ ဒဿမ ၇ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု ပထမ အကြိမ်လှုပ်ခတ်သွားပြီးနောက် နံနက်(၁၀)နာရီ (၂၆)မိနစ်အချိန်တွင် မိုင်းဆတ်မြို့ အရှေ့မြောက်ပိုင်း (၂၈) မိုင်ခန့်အကွာတွင် လှုပ်ခတ်ခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါ မြေငလျင်မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှတောင်ဘက်၊ တာချီလိတ်မြို့အနောက်မြောက်ဘက် (၃၆) မိုင်ခန့်၊ မိုင်းဆက်အရှေ့မြောက်ပိုင်း (၂၈) မိုင်ခန့်အကွာ တောင်တန်းဒေ သအောက်အနက် (၅) မိုင်ကျော်မှ မဂ္ဂနီကျု ၃ဒဿမ ၃ အဆင့်မြေငလျင်ငယ် လှုပ်ရှားသွားခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ မြေငလျင်သတင်းစင်တာက အသိပေးထားခြင်းဖြစ်သည်။

image