19 w - Translate

အစဥ်အလာမပျက်ကျွေးမွေးမည့် ကန်ကြီးစတုဒိသာပွဲ

မွန်ပြည်နယ်၊ ဇင်းကျိုက်မြို့ရှိ ကန်တော်မင်္ဂလာကန်ပတ်လည်၌ နှစ်စဥ်အစဥ်အလာမပျက်ကျွေးမွေးလှူဒါန်းသည့် ကန်ကြီးစတုဒိသာပွဲအား လာမည့် ဒီဇင်ဘာ ၁၅ ရက်(နတ်တော်လပြည့်နေ့)နေ့လည် ၃ နာရီမှစတင်၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကန်ကြီးစတုဒိသာပွဲအား ဇင်းကျိုက် (အ.ထ.က)ကျောင်းသူ၊ကျောင်းသားများ၊ ဇင်းကျိုက်ကျောင်းသားဟောင်းများအဖွဲ့၊ ကိုမင်းမင်းကုန်မာဆိုင်အဖွဲ့၊ ရေလည်ဘုရားဂေါပကအ ဖွဲ့တို့မှ အမာခံပါဝင်လှူဒါန်းခြင်း၊ ရပ်ကွက်များမှစုပေါင်းပါဝင်လှူဒါန်းမှုများဖြင့် ကျွေးမွေးခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ စတုဒိသာပွဲဖြစ်မြောက်ရေးကော်မတီနှင့်အလှူရှင်အဖွဲ့များ တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း သိရသည်။

image