ပဲခူးမြို့တွင် ဝါယာကြိုးဟောင်းများ ရှော့ဖြစ်ပြီး အိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
နေပြည်တော်၊ ဒီဇင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ ထန်းတပင် (၁) လမ်းတွင် ဝါယာကြိုးဟောင်းများ ရှော့ဖြစ်၍ အိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ယင်းမီးလောင်မှုဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၀ ရက် ၅ နာရီ ၃၀ အချိန်တွင် နှစ်ထပ်တိုက် လူနေအိမ်အပေါ်ထပ်ရှိ အခန်းမှ ဝါယာကြိုးရှော့ဖြစ်၍ မွေ့ယာပေါ်သို့ မီးစများ ပြုတ်ကျပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ထိုနေရာသို့ ပဲခူးမီးသတ်စန်းမှ မီးသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ရာ ၅ နာရီ ၄၀ အချိန်တွင် မီးငြိမ်းသတ်သွားကြောင်း သိရသည်။
“လူထိခိုက်မှုတော့ မရှိဘူး။ ဟောင်းနေတဲ့ဝါယာကြိုးတွေကနေ ရှော့ဖြစ်ပြီးလောင်တာ။ တိုက်ရဲ့အပေါ် ဆုံးနှစ်ခန်းကတော့ မီးလောင်တယ်။ ဆုံးရူံးမှုကတော့ လေးသိန်းနှစ်သောင်းပါ” လို့ ပဲခူးမြို့မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုမီးပေါ့ဆမှုကြောင့် အိမ်ရှင်ဖြစ်သူကို ပဲခူးမြို့မရဲစခန်းတွင် အမူဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
Photo-Credit
#centralnewsnaypyitaw


