19 ပတ် - ဘာသာပြန်ပါ။

နေ့လည်ဘက်ဆို အဆီပြန်ပြီး မျက်နှာမဲသွားတတ်တဲ့သူတယောက်အနေနဲ့ ဒီ powder လေးကို စောစောမသုံးမိတာ နောင်တရတယ်😭😭
မနက်ခင်း ရေမိုးချိုးသန့်စင်ပြီးရင်တော့ မျက်နှာလေးက ကြည်ရှင်းနေတာပဲ။ နေ့ခင်းဘက်ရောက်မှ မျက်နှာကအဆီတွေပြန်ပြီး မဲညစ်သွားတယ်ဆိုတဲ့သူတွေ ရှိလား။ အဲ့ဒီထဲ Nyi လဲပါတယ်နော်။
တကယ်တော့ အဲ့လိုဖြစ်တာက အကြောင်းအရင်းတခုထဲပေါ် ပုံချလို့မရပါဘူး။ တချို့က sunscreen ကြောင့်ဆိုပြီး oxidize မဖြစ်တဲ့ sunscreen မျိုး ရှာသုံးကြတယ်။ တချို့က မနက်ခင်းမှာလိမ်းတဲ့ moisturizer က heavy ဖြစ်လို့ဆိုပြီး moisturizer skip တာ ပြောင်းသုံးတာတွေ လုပ်ကြတယ်၊ တချို့ကတော့ ကိုယ့်အောက်ခံ skin ကိုက မကောင်းလို့ အဆီအရမ်းပြန်ပြီး ဒီလိုဖြစ်တာဆိုပြီး မှတ်ကြတယ်။ တချို့လဲ environmental stressors တွေကြောင့် skin oxidized ဖြစ်တယ်ဆိုပြီး ယူဆကြတယ်ပေါ့နော်။
Nyi အမြင်အရတော့ ဘယ်သူမှမမှားဘူးရယ်။ ဒီအချက်တွေ ပေါင်းသွားလို့လဲ အချိန်ကြာလာရင် မျက်နှာမဲသွားတယ်ဆိုတဲ့ပြဿနာ ပေါ်လာတာပေါ့နော်။ အဲ့ဒါကိုဖြေရှင်းဖို့ Nyi အရင်က နည်းလမ်းများစွာ တင်ပေးဖူးပါတယ်။ အဲ့ထဲကတချက်က powder သုံးပေးတာပါ။
Powder သုံးပေးခြင်းဖြင့် မျက်နှာအဆီမပြန်အောင် ဟန့်တားသလိုဖြစ်ပြီး oxidize မဖြစ်အောင် ကာကွယ်ပေးတယ်။ မျက်နှာကို real life filter သုံးလိုက်သလို မှုန်မှုန်ညက်ညက် look လေး ပေါ်စေတယ်ပေါ့နော်။ Makeup တွေလိမ်းတာလောက် အသားအရေပေါ်မှာ အလွှာအထူကြီးအုပ်မနေလို့ ချွေးပေါက်ပိတ်ဖို့ risk လဲ နည်းပါတယ်။
စျေးကွက်ထဲမှာ ရွေးချယ်စရာ powder တွေ အများကြီးရှိတယ်။ အဲ့ထဲမှာ Nyi ကို ဖမ်းစားနိုင်တဲ့တခုက ဒီ Shiseido Baby Powder ပါ။ တွေ့နေတာတော့ကြာပြီ၊ တဗူးကို တသောင်းလောက်ကတည်းကပဲ။ တကယ်တမ်းသုံးဖြစ်တော့ နှစ်သောင်းနားကပ်နေပြီပေါ့နော်။ နာမည်အရမ်းကြီးတော့လဲ မကောင်းဘူးသိလား၊ ဟုန်ပြီး သုံးချင်စိတ်ပျောက်သွားတတ်တယ်။ နာမည်ကြီးတိုင်း ကောင်းတာတော့မဟုတ်ပေမဲ့ ဒီ Baby powder လေးကတော့ တကယ်ကောင်းပါတယ်။
ဘာကြိုက်လဲဆိုရင် သုံးတဲ့အခါ mild ဖြစ်တယ်ဆိုတဲ့ ခံစားချက်လေးရတာ သဘောကျတယ်။ အသားအရေပေါ်မှာ ပြင်းတဲ့ အိုက်လှောင်နေတဲ့ feeling မျိုး မရဘူး။ အရောင်မပါတာကြောင့်လဲ နေမယ်။ သူ့အနံ့က baby powder နံ့လိုလေး။ Tone up effect မပါဝင်ပေမဲ့ အဖြူမှုန့်လေးတွေမလို့ မျက်နှာပေါ်တင်လိုက်ရင် နဲနဲလေးအသားဝင်းသွားသလိုမျိုး ဖြစ်တယ်။ မှုန်မှုန်ညက်ညက်လေးနဲ့ ချွေးပေါက်တွေကအစ less noticeable ဖြစ်ကုန်တယ်ကွာ။
အရမ်းကိုမိုက်တယ် တနေကုန်လဲအဆီသေချာထိန်းလို့ ညနေခင်းထိ မျက်နှာညစ်သွားတာမျိုး မကြုံရပါဘူး။ နောက်ပြီး တချို့ powder တွေဆိုရင် သုံးတာကြာတဲ့အခါ အသားခြောက်လာတာမျိုး ရှိပေမယ့် ဒီ baby powder လေးနဲ့တော့ Nyi အဲ့လိုမဖြစ်ဘူး။ သုံးနေတဲ့တလျှောက် ဝက်ခြံပေါက်တာ အဆီဖုထွက်တာတွေလဲ မရှိလိုက်ပါဘူး။
အထူးသဖြင့် စျေးနှုန်းအားဖြင့် affordable ဖြစ်တာရယ် mild ဖြစ်တဲ့ခံစားချက်လေးရယ် သူ့သုံးထားရင် တနေကုန် long lasting ဖြစ်တာရယ်ကို သဘောကျပါတယ်။ Powder ကတော့ အဆီပြန်တဲ့သူတိုင်း ယောကျ်ားလေး မိန်းကလေး အကုန်လုံးသုံးသင့်တဲ့ product မျိုးပါ။ မျက်နှာမဲသွားတတ်လို့ ဟိုဟာပြောင်းသုံးရမလား ဒီဟာပြောင်းသုံးရမလား ခေါင်းရှုပ်ခံမနေဘဲ ဒါလေးထည့်သုံးရုံနဲ့ problem solved ပါလို့ အကြံပေးပါရစေ။
ဘယ်ကဝယ်လဲဆို Nyi ကတော့ ကိုယ်ရောင်းကိုယ်သုံးမလို့ 🛒 Nyi’s Pick ကနေ Japan import စစ်စစ်ကို သုံးပါတယ်ခင်ဗျာ။
Disclaimer : Not paid to write this post.
#shiseido #shiseidobabypowder
#reviewbynyi #nyipick #nyipickmakeup
#crd

imageimage