20 w - Translate

ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း၏ စုဖွဲ့လေ့ကျင့်မှုများ ယနေ့ စတင်

Myanmar National League ချန်ပီယံ အသင်း တစ်သင်းဖြစ်သည့် ရှမ်းယူနိုက်တက်အသင်း၏ စုဖွဲ့လေ့ကျင့်မှုများ ကို ယနေ့ ဒီဇင်ဘာ (၉)ရက်၌ စတင်ပြီဖြစ်ကြောင်း သိရသည်။

ယနေ့ စုဖွဲ့လေ့ကျင့်မှုတွင် မြန်မာ့လက်ရွေးစင်အသင်းနှင့် သွားရောက်ပူးပေါင်းနေသည့် ကစားသမားများနှင့် ဒဏ်ရာရနေသူများမှလွဲပြီး ကျန်ကစားသမားအားလုံး လာရောက်ပူးပေါင်းပြီဖြစ်ကြောင်း ဆိုသည်။

ယခုနှစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပသည့် MNL (U-2 Youth League 2024 ရာသီပိတ် နောက်ဆုံးပွဲစဉ်ကို နိုဝင်ဘာ (၃၀) ရက်၌ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းက ရမှတ်ပေါင်း (၅၂)မှတ်ဖြင့် ချန်ပီယံဆုကို ရရှိထားသည်။

image