20 ပတ် - ဘာသာပြန်ပါ။

အမဲသားသနပ်လုပ်နည်း။

၁။အမဲသား၅၀သားကိုသန့်ရှင်ပြီးအတုံးကလေးတုံးထားပါ။

၂။ကြက်သွန်ဖြူ ၂လုံးကိုအခွံခွာပြီးနှစ်ခြမ်းခြမ်းထားပါ။ချင်းအနည်းငယ်ကိုအခွံခွာပြီးထောင်းထားပါ။

၃။ဆွီတီမဆလာအထုပ်သေး၂ထုပ်။

၄။ရှောက်သီးတခြမ်း(သို့)ရှာလကာရည်ရည်အချဉ်ရည်ကိုလိုသလောက်ထည့်ပါ။

၅။ငြုပ်သီးအစပ်မှုန့်တဇွန်း၊ငြုပ်ပုသီးမှုန့်တဇွန်း၊နနွင်းတဇွန်း၊ငရုပ်ကောင်းမှုန့်အနည်းငယ်။ဆားတဇွန်း၊အသားမှုန့်(သို့)အချိုမှုန့်အနည်းငယ်။

၆။ဆီ၁၅ကျပ်သား။

အမဲသားသနဏပ်လုပ်ရန်။
******************
အမဲသားကိုနံပါတ်၃,၄,၅တို့နဲ့နှယ်ပြီးမိနစ်၃၀ခန့်ရေခဲသေတ္တာထဲနှပ်ထားပါ။

အားလုံးအဆင်သင့်ဖြစ်ပါကနှပ်ထားတဲ့အမဲသားကိုရေအမြုတ်ထည့်၍နူးအောင်ပြုတ်ပါ။အမဲသားနူးပြီးရေခမ်းလျှင်ဒယ်အိုးထဲဆီထည့်ပြီးမီးအပူရှိန်medium hight ဖြင့်ဆီကိုကျက်အောင်အရင်ချက်ပါ။ကြက်သွန်ဖြူ ခွာပြီးနှစ်ခြမ်းခွဲထားတဲ့တဝက်ခန့်နဲ့ချင်းတို့ကိုဆီသတ်ပါ။

ကြက်သွန်ဖြူ ၊ချင်းကိုဝါအောင်ကြော်ပြီးပြုတ်ထားတဲ့အမဲသားထည့်၍ကြော်ပါဆီပြန်ပါကအပေါ့အငံမြည်းပြီးမီးပိတ်ကာကျန်နေတဲ့ကြက်သွန်ဖြူတဝက်ထည့်ပြီးအအေးခံထားပါ။အေးသွားရင်ဖန်ပုလင်းထဲထည့်၍သိမ်းထားပါကကြာရှည်အထားခံပါသည်။စားချင်တဲ့အချိန်ယူစားပြီးအဖုံးလုံအောင်ပြန်ဖုံးပါရန်။ရေခဲသေတ္တာထဲထည့်သိမ်းနိုင်ပါသည်

image