20 ပတ် - ဘာသာပြန်ပါ။

နေပြည်တော် ရေပန်းဥယျာဉ်ကို Royal Garden အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေ

နေပြည်တော် ရေပန်းဥယျာဉ်ကို ပန်းပွဲတော်များ ကျင်းပဆောင်ရွက်နိုင်ရေး Royal Garden အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ရေပန်းဥယျာဉ်အတွင်းရှိ ခေတ်မီကလေးကစားကွင်းများ အဆင့်မြှင့်တင်ခြင်း၊ ကြိုးတံတားပြန်လည် ပြုပြင်ထိန်းသိမ်းခြင်း၊ Sky Garden တွင် ရှားပါးအပင်များ စိုက်ပျိုးထားရှိမှု၊ အလှပြငါးများနှင့် ရှားပါးတိရစ္ဆာန်များ မွေးမြူထားရှိမှု၊ ဥယျာဉ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်း သာယာလှပရေးလုပ်ငန်း ဆောင်ရွက်နေကြောင်း သိရသည်။

ထို့ပြင် ရာသီအလိုက်ပွဲတော်များ၊ ပန်းပွဲတော်များကျင်းပဆောင်ရွက်နိုင်စေရေးကို လျာထားစီမံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေပြည်တော်ရေပန်းဥယျာဉ်ကို မြို့တော်အဆင့်နှင့် လျော်ညီသည့် ခေတ်မီဥယျာဉ်ကြီးတစ်ခုအဖြစ် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကို နှစ်ရှည်လုပ်ကိုင်ခွင့်ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။

image