တရက်မှာ ကျနော့်သမီးက သူ ကားတစီးလိုချင်လို့ ဝယ်ပေးပါဆိုပြီး ပြောတယ်၊ ကိုယ်တိုင်မောင်းပြီး သူ့ ညီမလေးကိုလည်း ကျောင်းလိုက်ပို့ချင်တာတဲ့။ ကားလိုချင်ရင် ပိုက်ဆံစုဆောင်းပြီး ကိုယ်တိုင်ဝယ်နိုင်ဖို့ ကြိုးစားလို့ ကျနော်က ပြောတော့ "အဖေက ကားလို့စ်တီဗက်ဇ်လေ၊ ကိုယ့်သမီးအတွက် ကားလေးတောင် မဝယ်ပေးနိုင်ဘူးလား" လို့ သူ ပြန်ပြောတယ်။
လိုအပ်တယ်ဆိုရင် မက်ဒေါ်နယ်မှာပါ မင်း အလုပ်လုပ်ပါ၊ ကြိုးစားမှရမယ်လို့ ကျနော်ပြောပြီး နားလည်အောင် ရှင်းပြလိုက်တယ်။ ကျနော့်ပထမဆုံးကားကို အသက် ၂၁ နှစ်မှာ ရခဲ့တာပါ၊ အဲဒါမတိုင်ခင်မှာ အဖေ့အတွက် အိမ်တလုံးဝယ်ပေးခဲ့သေးတယ်။
အဲဒီအတွက် ကျနော်အရမ်းကြိုးစားခဲ့ရတယ်၊ ကျနော့်သမီးကိုလည်း အဲဒီကနေ သင်ယူစေချင်တာပါ။
- ကားလို့စ်တီဗက်ဇ်
DUWUN
