20 ပတ် - ဘာသာပြန်ပါ။

ထောင့်ကန်ဘောသာမက အရာရာ ဘုရင်ဖြစ်ချင်ကြောင်း နည်းပြအာတေတာ ပြော

အာဆင်နယ်အသင်းအနေနဲ့ ထောင့်ကန်ဘောမှာတင်မကဘဲ အရာရာမှာ ဘုရင်တဆူဖြစ် ချင်ကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။

မန်ယူကို ၂ ဂိုး ပြတ်နဲ့ အနိုင်ရတဲ့ပွဲစဉ်မှ ထောင့်ကန်ဘောတွေကနေ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီးနောက် အာဆင်နယ်အသင်းရဲ့ ထောင့်ကန်ဘော စွမ်းဆောင်ရည်အပေါ် ချီးကျူးမှုတွေ ရှိခဲ့တာပါ။

အာဆင်နယ်အသင်းဟာ အခုနှစ်ရာသီမှာ ထောင့်ကန်ဘောတွေကနေ ၂၂ ဂိုးအထိသွင်းယူထားပြီး ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ တခြားအသင်းတွေထက် ၅ ဂိုး ပိုသွင်းထားတာပါ။

တည်ကန်ဘောတွေအပြင် ဘောလုံး လုယူနိုင်မှု၊ တိုက်စစ်ဆင်နိုင်မှုနဲ့ အကောင်းဆုံးဖိအားပေးနိုင်တဲ့ အိမ်ကွင်း အစရှိတဲ့အပိုင်းတွေမှာလည်း အကောင်းဆုံး အသင်းဖြစ်ချင်ကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။
DVB

image