20 w - Translate

လှည်းတန်းခုံးကျော်တံတား အနီးတွင် ကုန်တင်ယာဉ်တစ်စီး တိမ်းမှေ-ာက်ပြီး အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာများရ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းမပေါ်၊ လှည်းတန်းခုံးကျော်တံတားအနီးတွင် ငါးများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်တစ်စီး တိမ်းမှေ-ာက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဖြစ်စဉ်သွားရောက်ကူညီပေးခဲ့သည့် လူမှုကူညီရေးအသင်းတို့ထံမှ သိရသည်။

ဒီဇင်ဘာ (၉)ရက် ၊ နံနက်အစောပိုင်း (၁)နာရီခန့်အချိန်က ပြည်လမ်းမပေါ်၊ လှည်းတန်းခုံးကျော်တံတား အတက်ချဉ်ကပ်လမ်း (KBZ BANK အနီး)တွင် ငါးများတင်ဆောင်လာသော ကုန်တင်ယာဉ်မှာ GEAR BOX JOINT SHAFT ပြု-တ်ထွက်ရာမှ တိမ်းမှောက်ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သို့ Yangon Rescue Organization (YRO) ၏ အဖွဲ့ဝင်များဖြစ်သည့် ရတနာဖြိုးကူညီကယ်ဆယ်ရေးအဖွဲ့၊ ဝင်းမေတ္တာလူမှုကူညီရေးအသင်း၊ ဝန်းရံမှူး-လူမှုကူညီကယ်ဆယ်ရေးအသင်း၊ ပြည်သူ+လူရွှင်တော်၊ လှည်းတန်းလူမှုကူညီရေးအသင်းများမှ စေတနာ့ဝန်ထမ်းများ သွားရောက်ကူညီခဲ့ကြကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှေ-ာက်မှု ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် လိုအပ်သည့် မြေပြင်ဆေးကုသမှုများပြုလုပ်ပေးပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဝန်းရံမှူး၊ ဝင်းမေတ္တာအသင်းများ၏ အရေးပေါ် လူနာတင်ယာဉ်ဖြင့် ပို့ဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။

image