20 ပတ် - ဘာသာပြန်ပါ။

TikTok ပိတ်ပစ်မယ့် ဥပဒေတစ်ရပ် အမေရိကန်တရားရုံး အတည်ပြု

ဒီဇင်ဘာ ၉

တရုတ်အခြေစိုက် ByteDance ကုမ္ပဏီအနေနဲ့ ၎င်းတို့ ကုမ္ပဏီထုတ် TikTok ဗီဒီယိုအပလီကေးရှင်းကို လာမယ့်နှစ် အစောပိုင်းကာလမှာ အမေရိကန် ပြည်ထောင်စုထဲက ရှင်းလင်းဖယ်ရှားပစ်မယ့် ဥပဒေတစ်ရပ်ကို အမေရိကန်ဖက်ဒ ရယ်တရားရုံးတစ်ခုက ဒီဇင်ဘာ ၆ ရက်နေ့ (သောကြာ နေ့) က အတည်ပြုလိုက်ပါတယ်။

အခုဆုံးဖြတ်ချက်ဟာ တရားရေးဝန်ကြီးဌာနနဲ့ တရုတ်ထုတ်အပလီကေးရှင်းတွေကို ဆန့်ကျင်သူတွေရဲ့ အဓိကအောင် ပွဲတစ်ရပ်ဖြစ်ပြီး TikTok မိခင်ကုမ္ပဏီ ByteDance အတွက် ကြီးမားတဲ့ထိခိုက်နစ်နာမှုတစ်ခု ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ လူဦးရေ သန်း ၁၇၀ အသုံးပြုနေတဲ့ လူမှုကွန်ရက်အပလီကေးရှင်းတစ်ခုဖြစ်တဲ့ TikTok ကို သီတင်းပတ် ခြောက်ပတ်အတွင်း မျှော်လင့်မထားတဲ့ ပိတ်ပင်မှုမျိုးပေါ်ထွက်လာနိုင်တဲ့ အလားအလာပဲ ဖြစ်ပါတယ်။

TikTok ကုမ္ပဏီကတော့ တရားရုံးချုပ်အထိ အယူခံဆက်လက်လျှောက်ထားဖို့ စီစဉ်နေကြောင်း ပြောပါတယ်။ အခုလို အမိန့်ချမှတ်ခဲ့တာဟာ တရုတ်နိုင်ငံက ဆောင်ရွက်နေတဲ့ အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုကို တုံ့ပြန်ရာမှာ ပိုမိုကျယ်ပြန့်တဲ့ ကြိုးပမ်းမှုအစိတ် အပိုင်းတစ်ရပ်အဖြစ် သမ္မတနှစ်ယောက်ရော ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်ပါတ ီ နှစ်ရပ်ပါ ပူးပေါင်းဆောက်ရွက်ခဲ့တဲ့ ရလဒ်ဖြစ်ကြောင်း အယူခံတရားရုံးက ပြောပါတယ်။

တရုတ်ပိုင်ဆိုင်မှုအောက်မှာရှိတဲ့ TikTok ဟာ အမေရိကန်ပြည်သူတွေရဲ့ ကိုယ်ရေးသတင်းအချက်အလက် တွေကို ခြေရာခံထောက်လှမ်းပြီး တရုတ်အစိုးရက လျှို့ဝှက်စွာအသုံးပြုနိုင်တဲ့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ကြောင်း တရားရေး ဝန်ကြီးဌာနက ပြောပါတယ်။

အခုဆုံးဖြတ်ချက်ဟာ TikTok ကို လက်နက်တစ်ခုအဖြစ် အသုံးပြုနေတဲ့ တရုတ်အစိုးရကို ပိတ်ပင်တားဆီးရာမှာ အရေး ကြီးတဲ့ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ရှေ့နေချုပ် မားရစ်ခ်ဂါးလန်းက ပြောပါတယ်။

ဒါပေမဲ့ ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးကတော့ အခု ဆုံးဖြတ်ချက်ဟာ “ပြောင်ပြောင်တင်းတင်း စီးပွားရေး ဓားပြတိုက်တဲ့ လုပ်ရပ်တစ်ခု” ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီကိစ္စကို ကိုင်တွယ်ရာမှာ နှစ်နိုင်ငံ ယုံကြည်မှုနဲ့ ဆက်ဆံရေး မပျက်ပြားစေဖို့အတွက် နှိုင်းနှိုင်းချိန်ချိန် ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြား လိုက်ပါတယ်။

သမ္မတဂျိုးဘိုင်ဒန်လက်မှတ်ရေးထိုးထားတဲ့ ဥပဒေတစ်ခုမှာ ByteDance ကုမ္ပဏီအနေနဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့မတိုင်ခင် TikTok အပလီကေးရှင်းကို အမေရိကန်ကို မရောင်းဘူးဆိုရင် အမေရိကန်မှာသုံးလို့ မရအောင် ပိတ်ပစ်ဖို့ ပြဋ္ဌာန်းထားပါတယ်။

အဲဒီဥပဒေအတွက် အငြင်းပွား ပြန်လည်တရားစွဲဆိုဖို့ TikTok ကုမ္ပဏီနဲ့ TikTok သုံးစွဲသူတွေက လျှောက်ထားလာပေမဲ့ အဲဒီလျှောက်ထားချက်ကို အမေရိကန်အယူခံတရားရုံး တရားသူကြီးတွေဖြစ်တဲ့ ဆရီဆရီနီဗာဆန်၊ နီယိုမီရာယိုနဲ့ ဒေါက် ဂလပ်ဂင်းစဘာ့ဂ်တို့က ပယ်ချခဲ့ပါတယ်။

“ဒီကနေ့ သတင်းက စိတ်ပျက်စရာဖြစ်ပေမဲ့ ကျွန်တော်တို့ အပလီကေးရှင်းကနေ လွတ်လပ်စွာပြောဆိုခွင့်ကို ကာကွယ်ဖို့ ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်ဆိုတာ စိတ်ချလက်ချ ယုံကြည်စေချင်ပါ တယ်။” လို့ TikTok CEO ရှောင်းဇီချူက ၎င်းတို့ဝန်ထမ်းတွေကို ပေးပို့တဲ့ အီးမေးလ်တစ်စောင်မှာ ဖော်ပြထားပါတယ်။

လွတ်လပ်စွာပြောဆိုခွင့်ကို ထောက်ခံသူတွေကတော့ အမေရိကန်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြစ်တင် ဝေဖန်လိုက်ပါတယ်။

“TikTok ကို အခုလို ပြောင်ပြောင်တင်းတင်း ပိတ်ပင်တားမြစ်တယ်ဆိုတာ ဒီ TikTok ကိုအသုံးပြုပြီး သူတို့ရဲ့ထင်မြင် ယူဆချက်တွေကို ဖော်ပြရင်း ကမ္ဘာတစ်ဝန်းက ပြည်သူတွေနဲ့ ဆက်သွယ်နေတဲ့ သန်းပေါင်းများစွာသော TikTok သုံးစွဲသူ အမေရိကန်ပြည်သူတွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမ ပြင်ဆင်ချက်ပါ အခွင့်အရေးတွေကို ချိုးဖောက်လိုက်တာ ပဲဖြစ်ပါတယ်။” လို့ အမေရိကန်အရပ်ဘက် လွတ်လပ်ရေးသမဂ္ဂက ပြောပါတယ်။

ရွေးကောက်ခံ အကြိုသမ္မတဒေါ်နယ်ထရမ့်ကလည်း ၎င်းရဲ့ ပထမအကြိမ်သမ္မတသက်တမ်း ၂၀၂၀ ပြည့်နှစ်မှာ TikTok ကို ပိတ်ပင်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

ဒါပေမဲ့ အခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်ခင်ကတော့ TikTok ပိတ်ပစ်မယ့်ကိစ္စကို ၎င်းအနေနဲ့ ခွင့်ပြုမှာမဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Ref: US appeals court upholds TikTok law forcing its sale

#centralnewsnaypyitaw

image
image
image