အင်းစိန် ဂုံးတံတားပေါ်ကနေ အမျိုးသားတယောက် ကြိုးကွင်းစွပ်လျက်သေဆုံး

ဒီဇင်ဘာ ၉

ရန်ကုန်မြို့၊အင်းစိန်မြို့နယ်၊ဈေးကုန်းအရှေ့ရပ်ကွက်အနီးက အင်းစိန်မီးရထားဂုံးကျော်တံတားပေါ်မှာ အမျိုးသားတယောက်ကိုကြိုးကွင်းစွပ်သေဆုံးနေတာကို ဒီကနေ့ ဒီဇင်ဘာ ၈ ရက်၊နံနက်ပိုင်းအချိန်မှာ မြို့ခံတွေကစတင်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

"ဖြစ်စဉ်က ဟုတ်ပါတယ်။သေဆုံးသူက လဝက အငြိမ်းစားဝန်ထမ်းတယောက်လို့ သိရပါတယ်။ ဘယ်ကဘယ်လိုစဖြစ်လဲဆိုတာတော့သေချာမသိရသေးပါဘူး။ ရဲတပ်ဖွဲ့ကတော့သူ့လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လုပ်နေတယ်လို့ သိရပါတယ်။ဖြစ်စဥ်ဖြစ်တာက အင်းစိန်မီးရထားဂုံးကျော်တံတားပေါ်မှာပါ။ နေရာကဈေးကုန်းအရှေ့ရပ်ကွက်ပါ"လို့ နယ်မြေခံ လူမှုကူညီရေးသမားတယောက်က ပြောပါတယ်။

ဒေသတွင်း သတင်းဌာနတွေရဲ့ဖော်ပြမှုအရ အင်းစိန်မီးရထားဂုံးကျော်တံတားပေါ်မှာသေဆုံးနေသူဟာ အင်းစိန်မြို့နယ်၊နံသာကုန်းရပ်ကွက်မှာနေထိုင်တဲ့ လဝကဦးစီး အငြိမ်းစား ဝန်ထမ်းတယောက်ဖြစ်တယ်လို့ ရေးသားဖော်ပြထားကြပြီ ဘာကြောင့် အကြောင်းအရာကြောင့်အခုလိုသေဆုံးလျက်တွေ့ရှိခဲ့ရတယ်ဆို တာကိုတော့တိတိ ကျကျမသိရှိရသေးဘူးလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဒီသေဆုံးမှုကို ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်၊မဟုတ် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေကြတယ်လို့ ပြောပါတယ်။

"ဘယ်လိုဖြစ်တယ်ဆိုတာတိတိကျကျမသိရသေးပါဘူး။Body သယ်တာကလည်း နယ်မြေခံအသင်းတခုကသယ်သွားတယ်လို့ကြားပါတယ်။သူ့မိသားစုကိစ္စကြောင့်လား၊လူမှုရေးကိစ္စကြောင့်လား၊အခြားအကြောင်းကြောင့်လာဆိုတာပြောဖို့ခက်ပါတယ်။ဒါကိုရဲကစုံစမ်းစစ်ဆေးပြီးမှပဲသေချာလေးသိရမယ်ထင်ပါတယ်။အင်းစိန်မှာအရင်က ဒီလိုဖြစ်စဥ်မျိုးမရှိခဲ့ပါဘူး"လို့ အင်းစိန်မြို့နယ်၊ကြက် ခြေနီတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ထပ်မံပြောပြခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ပိုင်းနဲ့ ယခုနှစ်ပိုင်းအတွင်းက ရန်ကုန်မြို့မှာ မိမိကိုယ်ကိုယ်အဆုံးစီရင်မှု၊တံတားပေါ်က ခုန်ချပြီး မိမိကိုယ်ကိုယ်သတ်သေမှုဖြစ်စဉ်တွေဟာလည်း အများအပြားရှိခဲ့တာဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် လူမှုကူညီရေးသမားတွေထံကနေ သိရပါတယ်။

ဒီနှစ်ပိုင်းအတွင်းဟိုးလေးတကျော်ဖြစ်ခဲ့ရတဲ့ မိမိကိုယ်ကိုယ်အဆုံး စီရင်မှုဖြစ်စဥ်အချို့လည်း ရန်ကုန်မြို့မှာရှိခဲ့တာဖြစ်ပါတယ်။များသောအားဖြင့် မိမိကိုယ်ကိုယ်အဆုံးစီရင်ကြသူတွေဟာ လူမှုရေးအခက် အခဲ၊မိသားစုရေးရာအခက်အခဲပြဿနာကိစ္စရပ်တွေကြောင့်အများဆုံးဖြစ်တာကိုတွေ့ရတယ်လို့လည်း လူမှုကူညီကယ် ဆယ်ရေးသမားတွေက ပြောပါတယ်။

Photo - CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image