Xiaohong ချစ်ပ်ဖြင့် မောင်းနှင်သည့် စံချိန်ချိုးနိုင်သော 504-quantum ကွန်ပျူတာကို တရုတ်နိုင်ငံမှ တီထွင်ထုတ်လုပ်။
တရုတ်သည် စွမ်းဆောင်ရည်မြင့်မားသော 504-quit ကွမ်တမ်ကွန်ပြူတာ Tianyan-504 ကို တီထွင်ခြင်းဖြင့် ကွမ်တမ်ကွန်ပြူတာတွင် မှတ်တိုင်သစ်တစ်ခုသို့ ရောက်ရှိသွားပြီဖြစ်သည်။
Tianyan-504 ကွမ်တမ်ကွန်ပြူတာအား China Telecom Quantum Group (CTQG)၊ တရုတ်သိပ္ပံအကယ်ဒမီအောက်ရှိ ကွမ်တမ်သတင်းအချက်အလက်နှင့် ကွမ်တမ်ရူပဗေဒဆိုင်ရာ စင်တာနှင့် Anhui ပြည်နယ်အခြေစိုက် ကွမ်တမ်နည်းပညာကုမ္ပဏီ QuantumCTek တို့ ပူးပေါင်း၍ တီထွင်ခဲ့ခြင်းဖြစ်သည်။
2023 ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့သော Tianyan ကွမ်တမ် ကွန်ပြူတာ cloud platform သည် နိုင်ငံပေါင်း 50 ကျော်မှ လာရောက်သုံးစွဲသူ ၁၂ သန်းကျော် ရရှိထားပြီး ကမ္ဘာတစ်ဝှမ်းရှိ သုံးစွဲသူများအတွက် လက်လှမ်းမီနိုင်သော ကွမ်တမ် ကွန်ပြူတာဝန်ဆောင်မှုများပေးလျက်ရှိသည်။
