20 ပတ် - ဘာသာပြန်ပါ။

ဗိုလ်တထောင်စေတီတော်၌ စုပေါင်းသွေးလှူဒါန်း

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၀န်ထမ်းများနှင့် ဘုရားဖူးများမှစုပေါင်း၍ ဆဌမအကြိမ် ဒါနဥပပါရမီစုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက်နံနက် ၉ နာရီက ရင်ပြင်တော်ပေါ်ရှိ ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံတွင် ကျင်းပခဲ့သည်။

သွေးလှူဒါန်းပွဲမှရရှိသည့် သွေးပုလင်းပေါင်း (၁၅၇)ပုလင်းအား ရန်ကုန်ဆေးရုံကြီး သွေးလှူဘဏ်သို့ လှူဒါန်းပေးခဲ့ကြပြီး သွေးလှူရှင်များအား အလှူရှင်များက အာဟာရဖြည့်အစားအစာများကို လှူဒါန်းကျွေးမွေးခဲ့ကြသည်။

image