20 ပတ် - ဘာသာပြန်ပါ။

Chip ထုတ်လုပ်ရာမှာ သုံးတဲ့ အဓိက ဒြပ်ထုတွေကို တရုတ်က အမေရိကန်ကို ရောင်းချခွင့် ပိတ်ပင်
=======================================================
တရုတ် နဲ့ အမေရိကန်တို့ရဲ့ ကုန်သွယ်ရေး စစ်ပွဲပြီးတော့ နည်းပညာ စစ်ပွဲကလည်း တော်တော် ကြမ်းလာပါပြီ။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ အမေရိကန်က အဆင့်မြင့် Chip တွေ မထုတ်နိုင်အောင် တရုတ်ကို ပိုမို တင်းကြပ်တဲ့ ဥပဒေတွေ ထုတ်လိုက်ပါတယ်။ နောက်တစ်ရက်မှာပဲ တရုတ်ကလည်း လက်တုန့်ပြန်တဲ့အနေနဲ့ Chip ထုတ်လုပ်ရာမှာ သုံးတဲ့ အဓိက ဒြပ်ထု တချို့ကို အမေရိကန်ကို ရောင်းချခွင့် ပိတ်ပင်လိုက်ပါတယ်။
တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက နိုင်ငံ လုံခြုံရေးအတွက် အခုလို ပိတ်ပင်တာလို့ ကြေညာလိုက်ပါတယ်။
တရုတ် ပိတ်ပင်လိုက်တဲ့ ဒြပ်ထုတွေထဲမှာ Metals Gallium , Antimony နဲ့ Germanium တို့ ပါဝင်ပါတယ်။ Graphite ကိုလည်း အကန့်အသတ်နဲ့ ရောင်းမယ်လို့ ပြောထားပါတယ်။ တရုတ်ဟာ တစ်ကမ္ဘာလုံးမှာ Gallium ထုတ်လုပ်မှု ၉၄ ရာခိုင်နှုန်းနဲ့ Germanium ထုတ်လုပ်မှု ၈၃ ရာခိုင်နှုန်း ရှိပါတယ်။
Gallium နဲ့ Germanium ကို Semiconductor မှာ အသုံးပြုကြပြီး Germanium ကို Solar Cells, Fibre Optic Cables နဲ့ အနီအောက်ရောင်ခြည် နည်းပညာမှာ သုံးကြပါတယ်။ Graphite ကို လျှပ်စစ်ကား ဘက်ထရီတွေမှာ အများဆုံး သုံးကြပြီး Antimony ကို ကျည်ဆန်နဲ့ လက်နက်တွေမှာ သုံးကြပါတယ်။
တရုတ် နဲ့ အမေရိကန် တို့ရဲ့ ကုန်သွယ်ရေး စစ်ပွဲကြောင့် တခြား ကမ္ဘာ့ နိုင်ငံတွေမှာပါ ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ အခုလည်း နည်းပညာ စစ်ပွဲကြောင့် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။
Ref : The Verge

image