ကာလမ်းပေါ် ဖြတ်ပြေးတဲ့ သားငယ်ကို ကားမတိုက်အောင် ဝင်ဆွဲတဲ့မိခင် ကားတိုက်မိလို့သေဆုံးကာ အဆိုပါသားအမိကို မတိုက်မိအောရှေရှောင်တိမ်းတဲ့ ခရီးသည်တင်ယာဉ်နှစ်စီး ဆင့်တိုက် တိမ်းမှောက်တာကြောင့် တစ်ဦးသေကာ လူနှစ်ဆယ်ကျော် ဒဏ်ရာရ

ဒီဇင်ဘာ ၈

ကားလမ်း‌ပေါ်ဖြတ်ပြေးတဲ့သားငယ် ကားတိုက်မိမလိုဖြစ်တာကို ဝင်ဆွဲတဲ့မိခင် ကားတိုက်ခံရတာ‌ကြောင့် နေရာတင်‌ သေဆုံးခဲ့ပြီး အဆိုပါမတော်တဆမှုမှာ ကလေးမိခင်အပါအဝင် တိုက်မိတဲ့ယာဉ်ပေါ် ကခရီးသည်တစ်ဦးလည်း သတိုက်ကြီးမြို့မ ၂၃ ဦးဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ် တိုက်ကြီးမြို့မှာ မနေ့က ဒီဇင်ဘာ ၇ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း၊မိုင်တိုင်၄၅/၃ မှာ ဒီဇင်ဘာလ ၇ ရက် ၊ နံနက် ၁၀ နာရီခွဲအချိန်က ဖြစ်ပွားခဲ့တာပါ။ အဆိုပါ ‌သားအမိက ရန်ကုန်ကနေ ပေါင်းတည်ကို ထွက်လာတဲ့ KKP ယာဥ်လိုင်းမှာ လိုက်ပါစီးနင်းလာတာ ဖြစ်ပြီး ကားက စက်ချို့ယွင်းလို့ လမ်း​ဘေးမှာ ရပ်ပြီးပြင်ဆင်​နေစဥ် ကလေးက ကားလမ်းမ‌ ပေါ် ပြေးတက်သွားတာကြောင့် က​လေးငယ်ကိုကားမတိုက်မိ‌စေဖို့ဝင်ဆွဲတဲ့ မိခင်ဖြစ်သူက လားရာတူမောင်းနှင်လာတဲ့ ရန်ကုန်- အဖြောက်‌ ပြေးဆွဲနေတဲ့ YBS-၁၂၃ ယာဉ်လိုင်းက ခရီးသည်တင်ယာဉ်နဲ့ တိုက်မိခဲ့တာလို့ သိရပါတယ်။

အဆိုပါ YBS – ၁၂၃ ယာဉ်မှာလည်း ကလေးငယ်ကိုရှောင်တိမ်းစဉ် မိခင်ကို တိုက်ကြိတ်မိပြီး၊ ဥက္ကံ- ရန်ကုန်သွား YBS -၁၀၆ ယာဥ်ကိုပါတိုက်မိခဲ့ကာ တိမ်းမှောက်ခဲ့တာကြောင့် ယာဉ်ပေါ်လိုက်ပါတဲ့ အသက် ၇၀ အရွယ် အမျိုးသမီးကြီးတစ်ဦး နေရာတင်သေဆုံးကာ ၁၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ ခိုကိုးရာမဲ့ဘိုးဘွားများစောင့်ရှောက်ကူရေး အသင်းမှ တာဝန်ရှိသူက ” ၁၀၆ကားပေါ် က ၄ ဦး ပွန်းပဲ့ ထိခိုက််တယ်။ ၁၂၃ ကတော့ တစ်ဦးသေ ၄ ဦးဒဏ်ရာပြင်းထန်နဲ့ ၁၅ ဦးက မစိုးရိမ်ရ ဒဏ်ရာတွေ ရတယ်။ ကလေးကတော့ ပွန်းပဲ့ ဒဏ်ရာလောက်ပဲ ရတာပါ။ မိခင်ကတော့ နေရာတင်သေတယ် ။ ကလေးအသက်က ၅ နှစ်ဝန်းကျင်အရွယ် ယောကျာ်းလေးပါ”လို့ ပြောပါတယ်။

ဖြစ်စဉ်အတွင်း စိုးရိမ်ရဒဏ်ရာပြင်းထန်သူ ၃ ဦးကို ရန်ကုန်​ဆေးရုံကြီးဆီ ခိုကိုးရာမဲ့ ဘိုးဘွားများ ကူညီစောင့်ရေးအသင်းနဲ့ နိဗ္ဗာန်ချမ်းသာ လူမှုကူညီ‌ရေးအသင်းတို့က ကူညီ ပို့​ဆောင်‌ ပေးခဲ့ပြီး ကျန်လူနာ‌တွေကို တိုက်ကြီး​ဆေးရုံမှာ တင်ပို့ကုသ​ပေး​နေ​တယ်လို့ သိရပါတယ်။

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
+5