20 ပတ် - ဘာသာပြန်ပါ။

တရုတ်၌ ဆောက်လုပ်ဆဲဂိုဒေါင်မီးလောင်သဖြင့် ကိုးဦး‌သေဆုံး

ဂျီနန်၊ဒီဇင်ဘာ ၈

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်၌ ဆောက်လုပ်ဆဲ အအေးခန်းဂိုဒေါင်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာမှပျောက်ဆုံးသွားသူကိုးဦးကိုတနင်္ဂနွေနေ့နံနက်ပိုင်းတွင် ‌ေ-သဆုံးလျက်တွေ့ရှိခဲ့ရကြောင်းအာဏာပိုင်များကအတည်ပြုခဲ့သည်။

Rongcheng မြို့ရှိ ဒေသခံ ကုမ္ပဏီတစ်ခုကပိုင်ဆိုင်သည့် ဂိုဒေါင်တွင် စနေနေ့က မီးလောင်ခဲ့ကြောင်း ဒေသတွင်းအရေးပေါ် စီမံခန့်ခွဲရေးဌာနက ပြောကြားခဲ့သည်။

လက်ရှိအချိန်၌ မီးလောင်မှုဖြစ်ရသည့် အကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးနေသည်ဟုလည်းအာဏာပိုင်များကပြောကြားခဲ့သည်။