20 w - Translate

MFF ၏ ၂၀၂၅ လျာထားဘတ်ဂျက်အတွင်း ဒေါ်လာ နှစ်သန်းကျော် အကုန် အကျခံ တည်ဆောက်မည့် High Performance Centre ပါဝင် ဟုဆို

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ၂၀၂၅ လျာထားဘတ်ဂျက်အတွင်း ဒေါ်လာ (၂,၃၀၀,၀၀၀) အကုန်အကျခံ တည်ဆောက်မည့် High Performance Centre တစ်ခု ပါဝင်ကြောင်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ က MFF Congress အတွင်းအတည်ပြု ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ High Performance Centre သည် မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် MFF အနေဖြင့် မြန်မာ့ပထမဆုံး အမျိုးသမီးဘောလုံး အကယ်ဒမီကျောင်းကို အမေရိကန်ဒေါ်လာ ၁.၈ သန်းကျော် အကုန်အကျခံ၍ မန္တလေးမြို့၌ တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ဘောလုံးလောက ဖွံ့ဖြို့တိုးတက်ရေးအတွက် ယူ-၁၂ လူငယ်ကစားသမားများအပါအဝင် ယူ-၂၀ ကစားသမားများအထိ သက်တမ်းအလိုက်ရွေးချယ်ခေါ်ယူ မွေးထုတ်ပေးလျှက်ရှိသည်။

image