ခေါက်ဆွဲသုပ်
ခေါက်ဆွဲသုပ် ချဉ်ငံစပ်
ခေါက်ဆွဲသုပ် ချဉ်ငံစပ် ပြုလုပ်ရန်
( ၁ ) - မကျီးမှည့် ၅ ကျပ်သား ရေဆေးပြီးရေနွေး၁/၄ လီတာ စိမ်ထားပါ
( ၂ ) - ငရုတ်ဆီ ထမင်းစား၅ ဇွန်း မကျီးမှည့် ထညက်၂လုံး ရောကြိတ်ပါ(ရော၍တပွက်ဆူကြိုပါ)
( ၃ ) - ခေါက်ဆွဲသုပ်ရန်အချဉ်ရပါပြီ
( ၄ ) - နံနံပင်, ရှောက်ရွက် , ကြက်သွန်နီ , သခွားသီး , ဂေါ်ဖီ ရေစင်စင်ဆေးပြီးပါးပါးလှီးထားပါ
( ၅ ) - ပဲပင်ပေါက်ရေဆေးပြီး
ရေနွေးဖျောဆယ်ထားပါ
( ၆ ) - ပဲပြားကြော်ထားပါ
( ၇ ) - ကြက်သွန်နီ ဆီချက်ထားပါ
( ၈ ) - ပန်းကန်တခုထဲသို့ခေါက်ဆွဲ ထည့်
ပဲပြားညှပ်ထဲ့
ပဲပင်ပေါက်
လှီးထားသော ဂေါ်ဖီ
နံနံပင် ကြက်သွန် ရှောက်ရွက် တို့ကိုထည့်ပါ
( ၉ ) - ငံပြာရည်ထမင်းစား၁ ဇွန်း , ဆီချက် ထမင်းစား၂ ဇွန်း , အချဉ်ရည်ထမင်းစား၂ ဇွန်း , ငြုတ်သီးမှုံ ထမင်းစား၁ဇွန်း ,ပဲမှုံ့ထမင်းစား ၁ ဇွန်း တို့ထည့်၍နယ်ပါ
( ၁၀ ) - ချဉ်ငံစပ်ခေါက်ဆွဲသုပ် လေးရပါပြီ
( ၁၁ ) - ချဉ်ငံစပ်ခေါက်ဆွဲသုပ် လေးကို ပြင်ဆင်သုံးဆောင်နိုင်ပါပြီ
