မီဇိုရမ်တွင် ပလက်ဝစစ်ဘေးရှောင်တစ်ဦးဆုံးပါး ၊ စစ်ဘေးရှောင်ကာလ ၄၂ ဦးမြောက်သေဆုံးခြင်းဖြစ်
ဒီဇင်ဘာ ၆
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကနေ မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့ပေါ်ကို စစ်ဘေးရှောင်လာတဲ့ သက်လတ် ပိုင်းအမျိုးသမီးတစ်ဦးဟာ ဒီကနေ့ဒီဇင်ဘာလ ၅ ရက်မနက်ပိုင်းမှာ ကင်ဆာရောဂါဖြင့်ဆုံးပါးသွားတယ်လို့သိရ ပါတယ်။
ပလက်ဝမြို့နယ်ကနေ စစ်ဘေးရှောင်လာတဲ့ ဒေါ်ကူသင်း အသက် ၄၇ နှစ်ဟာ လည်ချောင်းကင်ဆာဝေဒနာခံစား နေရသူဖြစ်ပြီး ဒီကနေ့မနက်ပိုင်း ၁၀ နာရီဝန်ကျင်မှာသေဆုံးသွားခြင်းဖြစ်ကာ ပလက်ဝမြို့နယ်ကနေ မီဇိုရမ်ပြည် နယ်ထဲစစ်ဘေးရှောင်ခြင်းသုံးနှစ်ကျော်တာကာလအတွင်း စစ်ဘေးရှောင် ၄၂ ဦးသေဆုံးသွားပြီဖြစ်ပါတယ်။
“ဒီမနက်အသေဆုံးသူက ပြီးခဲ့တဲ့ဇွန်လက ဒီကိုရောက်လာတာ။ဆေးခန်းအမြဲပြပေမယ့်ကုမရတော့လို့ ဆုံးသွား တယ်။ သူ့မှာအမျိုးသားနဲ့ သမီးတစ်ဦးအပြင် တူတစ်ဦးရှိတယ်။ ဒီညနေမှာလောင်တလိုင်မြို့သုသာန်မှာပဲ မြေမြှုပ်သဂြိုလ်လိုက်တယ်။” လို့ ပလက်ဝကောင်စီတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မီဇိုရမ်ပြည်နယ်အတွင်းက ဆုံးပါးသွားတဲ့ ပလက်ဝစစ်ဘေးရှောင်အများစုဟာ ကျန်းမာရေးမကောင်းလို့ သေဆုံးသူများဖြစ်ကြကာ ကလေးမွေးရင်းဆုံးပါးသွားတဲ့သူ နှစ်ဦးရှိတယ်လို့သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီက မတရားအဏာသိမ်းပြီးနောက် ပလက်ဝမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် မေလခန့်ကနေ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့လို့ ဒေသခံပြည်သူများဟာ မီဇိုရမ်ပြည်နယ်နဲ့ တစ်ခြားလုံခြုံတဲ့နေရာတွေကို စစ်ဘေး ရှောင်ခဲ့ကြတာဖြစ်ပါတယ်။
ပလက်ဝမြို့နယ်ကနေ မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်လာသူအများစုဟာ လောင်တလိုင်ခရိုင် နဲ့ ရှာဟာခရိုင် မှာအဓိက ခိုလှုံနေကြတာဖြစ်ပြီးတော့ စစ်ဘေးရှောင်စခန်း ၂၀ အပြင်မြို့တွင်းအိမ်ဌားနေထိုင်သူများ လည်းရှိတယ်လို့သိရပါတယ်။
လက်ရှိမှာ မီဇိုရမ်ပြည်နယ်အတွင်း ပလက်ဝစစ်ဘေးရှောင် အိမ်ထောင်စုပေါင်း ၉၀၈ စုရှိပြီး လူဦးရေ ၄၀၀၀ ကျော်ရှိတယ်လို့သိရပါတယ်။
#centralnewsnaypyitaw
