20 ပတ် - ဘာသာပြန်ပါ။

မလှိုင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် သုံးဦးအား သတ်ဖြတ်ခံရ

နေပြည်တော်၊ ဒီဇင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ရေနီကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် သုံးဦးအား PDF အဖွဲ့ဝင်များမှ သတ်ဖြတ်သွားကြောင်း သိရသည်။

ဒီဇင်ဘာလ (၅)ရက် ညနေ (၄)နာရီခန့်က ရေနီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်(ယခင် မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊ မြို့နယ်ကော်မတီဝင်) နှင့် သဖန်းကန်ကျေးရွာနေ ဦးဇော်မင်း (မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ယာဉ်မောင်း)နှင့် ဦးအောင်နေဦးတို့ သုံးဦးအား PDF အဖွဲ့ဝင်များမှ သတ်ဖြတ်သွားကြောင်း သိရသည်။

#centralnewsnaypyitaw

image