20 w - Translate

သရုပ်ဆောင် ဗညားဘုန်းပြည့် ပြန်လည် လွတ်မြောက်လာ

ရုပ်ရှင်သရုပ်ဆောင် ဗညားဘုန်းပြည့်သည် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး (၇) လအကြာ ဒီဇင်ဘာလ (၅)ရက်တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

"ဒီနေ့ ကျွန်တော် နေကောင်းကျန်းမာစွာနဲ့ အိမ်ပြန်ရောက်ပါပြီ။ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ ဒီကြားထဲ ပရိသတ်နဲ့ ချစ်ရသူအားလုံးကို စိတ်ပူစေခဲ့မိလို့လည်း တောင်းပန်ပါတယ်ခင်ဗျာ။ အားလုံးကို လွမ်းနေခဲ့တာပါဗျာ" ဟု ၄င်း၏ ဖေ့ဘွတ်စာမျက်နှာတွင် ယမန်နေ့ဒီဇင်ဘာလ (၅) ရက် ညနေပိုင်းက ရေးသားဖော်ပြထားသည်။

၎င်းအား ပုဇွန်တောင်ရဲစခန်းက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ - ၃၃(က)ဖြင့် အမှုဖွင့်ခဲ့ပြီး တရားရုံးက ထောင်ဒဏ် (၁၀)နှစ်ချမှတ်ခဲ့ကာ (၇)လခန့်အကြာတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက် လာခဲ့ခြင်းလည်းဖြစ်သည်။

image