20 ပတ် - ဘာသာပြန်ပါ။

နေပြည်တော်ရှိ mm-link ရုံးဝန်းထဲတွင် ရုံးဝန်ထမ်းအမျိုးသားတစ်ဦး ကြိုးဆွဲချ၍ သေဆုံး

နေပြည်တော်၊ ဒီဇင်ဘာ ၆

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ဦးမင်းဒင်ရပ်ကွက်ရှိ mm-link ရုံးဝန်းထဲတွင် ရုံးဝန်ထမ်းအမျိုး သားတစ်ဦး ဝိုင်ဖိုင်ကြိုးဖြင့် ကြိုးဆွဲချ၍ မိမိကိုယ်ကိုအဆုံးစီရင်၍ သေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာလ ၆ ရက် နံနက် ၂ နာရီ ၅၂ မိနစ်အချိန်တွင် ရုံးဝန်ထမ်းတစ်ဦး ကြိုးဆွဲချ၍ သေဆုံးကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ ဒေသခံလူမှုကူညီရေးအသင်းမှ ရုပ်အလောင်းကို ကုတင် ၂၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“ဝိုင်ဖိုင်ကြိုးနဲ့ ကြိုးဆွဲချသေတာ။ သူ့မှာ မိန်းမနဲ့ ကလေးရှိတယ်” လို့ ပျဉ်းမနားမြို့ရှိ mm-link ရုံးနှင့်အနီးဝန်း ကျင်တွင် နေထိုင်သူတစ်ဦးထံမှ သိရသည်။

ထိုကြိုးဆွဲချ၍ သေဆုံးသည့် အမျိုးသားမှာ အသက် (၃၀) ဝန်းကျင်ရှိပြီး ၎င်းမှာမည်သည့်ကိစ္စကြောင့် သေဆုံးသည်ကို သိရှိရခြင်းမရှိကြောင်း သိရသည်။

Photo - Credit

#centralnewsnaypyitaw

image
image
image
image
image