ဝက်ခေါင်းသုပ်/ဝက်သားသုပ်

ဝက်သားကို ရေ ကြက်သွန်ဖြူဥလိုက် ဂျင်းထောင်း သကြား ပဲငံပြာရည် နာနတ်ပွင့်ထည့်ပြီး နူးအိသည်အထိပြုတ် ပါ

ရရင်ဆယ်ပြီး အအေးခံ လှီးထားပါ ရှောက်ရွက် ဂေါ်ဖီ ငရုတ်သီးစိမ်း ကြက်သွန်နီ လှီးထားပါ အပေါ်မှအစာပလာအားလုံး နဲ့ အချဉ်ရည် ငံပြာရည် ကြက်သားမှုန့် ငရုတ်သီးမှုန့် ထည့်ပြီးသုပ်ပါ ပဲမှုန့်ကြိုက်ရင်ထည့်ပါ

အချဉ်ရည်နီဖျော်နည်း ရေ ဖန်ခွက်တစ်ဝက်စာ + ထန်းလျက် ၄ ခဲထည့်ကြို ဆူပွက်လာရင် အသင့်သုံးအချဉ်ရည်နီထုပ်ဖောက်ထည့်ပြီး ၁၀ မိနစ်ခန့် မီးအေးအေးဖြင့်ကျိုပေးပါ

image