20 w - Translate

ထိုင်းဘုရင် ဘူမိဘောအဒူလျာဒက်ဂျ်၏မွေးနေ့နှင့် အခြားအခမ်းအနားများအား မြန်မာကောင်စစ် ဝန်ချုပ်တက်ရောက်ခဲ့

ကူမင်းမြို့ရှိ Shangri-la Hotel ၌ ဒီဇင်ဘာ ၄ ရက်က ထိုင်းနိုင်ငံအမျိုးသားနေ့၊ ထိုင်းဘုရင် ဘူမိဘောအဒူလျာဒက်ဂျ် မွေးနေ့နှင့် Thailand’s Father’s Day အခမ်းအနားများကို ကူမင်းမြို့အခြေစိုက် ထိုင်းနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားများသို့ မြန်မာကောင်စစ် ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ်ဦးသွင်ထက်လင်းမှ ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရမှ တာဝန်ရှိသူများ၊ ကူမင်းမြို့အခြေစိုက် ကောက်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။

image