ဘေးအန္တရာယ်ဖြစ်စေတဲ့ တားမြစ်ဓာတုပစ္စည်းများပါဝင်နေတဲ့ အလှကုန်ပစ္စည်း (၂၀)ကို မသုံးစွဲဖို့ ထုတ်ပြန် အသိပေးတားမြစ်

ဒီဇင်ဘာ ၅

ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ တားမြစ် ဓာတု ပစ္စည်းများပါဝင်နေတဲ့ အလှကုန် ပစ္စည်း (၂၀) မျိုးကို အစားသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ထုတ်ပြန် အသိပေး တားမြစ်ထားတာကို တွေ့ရ ပါတယ်။

တားမြစ်ထားတဲ့ ကုန်ပစ္စည်းတွေထဲမှာ မလေးရှားနိုင်ငံထုတ် တံဆိပ်ပါ ကုန်ပစ္စည်း (၈)မျိုး၊ စင်္ကာပူ နိုင်ငံထုတ် တံဆိပ်ပါ ကုန်ပစ္စည်း (၂) မျိုး၊ ထိုင်းနိုင်ငံ ထုတ် တံဆိပ်ပါ (၁) မျိုး နဲ့ ဖိလစ်ပိုင် နိုင်ငံထုတ် တံဆိပ်ပါ (၉)တို့ ပါဝင်တာကိုတွေ့ရပါတယ်။

အဲ့ဒီ ကုန်ပစ္စည်းတွေမှာ အရေးပြားယားယံတာ၊ ရောင်ရမ်းတာ၊ အဖြူအနီကွက်ဖြစ်တာ၊ အရေးပြားကနေ တဆင့် ခန္ဓာကိုယ်အတွင်းက စုပ်ယူ ထုံကျင်တာ၊ ကြွက်သားတုန်ခါတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာနဲ့ စိတ်ကျရောဂါတွေ ဖြစ်စေနိုင်တဲ့ တားမြစ်ဓာတု ပစ္စည်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါအပြင် ရေရှည်သုံးစွဲမိပါက ကျောက်ကပ်ပျက်စီးတာမျိုးတွေနဲ့ အခြား နောက်ဆက်တွဲ ရောဂါ ဆိုးကျိုးတွေ ဖြစ်ပွားလာနိုင်တယ်လို့ သိရပါတယ်။

အများပြည်သူ သုံးစွဲဖို့ မသင့်တဲ့ ကြေငြာထားတဲ့ အလှကုန်ပစ္စည်းတွေကို တင်သွင်း ဖြန့်ဖြူးရောင်းချတာတွေကို လုံးဝမပြုလုပ်ဖို့နဲ့ လိုက်နာမှုမရှိဘူးဆိုရင် ပြည်သူ့ ကျန်းမာရေး ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၊ အပိုဒ် (၃)(ဃ) အရ အရေးယူခံရမယ်လို့ သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

imageimage
+5