21 ပတ် - ဘာသာပြန်ပါ။

ပြင်ဦးလွင် ပန်းပွဲတော်ကို တစ်လကြာ ပြုလုပ်မည်

ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီး ဥယျာဉ်တွင် (၁၇) ကြိမ်မြောက် ပန်းပွဲတော်ကို တစ်လကြာ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားကန်တော်ကြီး ဥယျာဉ်၏ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ပန်းပွဲတော်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၂)ရက်အထိ တစ်လကြာ ကျင်းပခြင်း ဖြစ်သည်။

ပန်းပွဲတော်တွင် MSME ဒေသထွက်ကုန် အရောင်းပြခန်းများ၊ ဂီတဖျော်ဖြေပွဲများနှင့် မျက်လှည့်ပွဲများအပြင် ပန်းပြပွဲကို အခြားနှစ်များနှင့်မတူ တမူထူးခြားစွာထည့်သွင်း ကျင်းပသွားမည်ဖြစ်သည့်အတွက် မြန်မာပြည်အနှံ့အပြားမှ ပန်းချစ်သူများကို လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ထားသည်ဟု အမျိုးသားကန်တော်ကြီး ဥယျာဉ်ထိန်းသိမ်းရေး ကော်မတီမှ သိရသည်။

ပြီးခဲ့သည့် နှစ်ကလည်း ပြည်တွင်းနှင့်ပြည်ပ ပန်းမျိုးစိတ်အရေအတွက် နှစ်သိန်းနီးပါးကို ဇုန်(၈)ဇုန်ခွဲ၍ ပြသပေးခဲ့ကာ ထူးခြားမှုအနေဖြင့် လီလီပန်းပြကွက်နှင့် သစ်ခွဥယျာဉ် ဟူ၍ ထည့်သွင်းပြသခဲ့ကြောင်းလည်း သိရသည်။

image