21 ပတ် - ဘာသာပြန်ပါ။

တက္ကသိုလ်ဝင် စာမေးပွဲ မတ်လလယ်ပိုင်းမှာ ကျင်းပပြုလုပ်မည်

ဒီဇင်ဘာ ၄

ပညာသင်နှစ် ၂၀၂၄ - ၂၀၂၅ ခုနှစ်ရဲ့ တက္ကသိုလ်ဝင် စာမေးပွဲကို လာမယ့် ၂၀၂၅ ခုနှစ် မတ်လ လယ်ပိုင်းမှာ ကျင်းပပြုလုပ်သွားမယ်လို့ ပညာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

စာမေးပွဲကာလမှာ ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်နေ့ နံနက် (၉)နာရီကနေ (၁၂) အထိ မြန်မာစာ ဘာသာရပ်ကို စတင်ဖြေဆိုကြရမှာ ဖြစ်ပါတယ်။

မတ်လ ၁၈ ရက်နေ့မှာ အင်္ဂလိပ်စာ၊ မတ်လ ၁၉ ရက်နေ့မှာ သချင်္ာ၊ မတ်လ ၂၀ ရက်နေ့မှာ ဓာတုဗေဒ နဲ့ ပထဝီ ဘာသာရပ်တွေကို ဖြေဆိုကြရမှာလို့သိရပါတယ်။

မတ်လ ၂၁ ရက်နေ့မှာတော့ ရူပဗေဒ နဲ့ သမိုင်း၊ မတ်လ ၂၂ ရက်နေ့မှာတော့ ဇီဝဗေဒနဲ့ ဘောဂဗေဒ ဘာသာရပ်တွေ ေဖြဆိုကြရမှာ ဖြစ်ပါတယ်။

#centralnewsnaypyitaw

image