DKBA ထိပ်ပိုင်းအရာရှိ ခေါင်းဆောင်တချို့ကို ရာထူးတိုးမြှင့်

နေပြည်တော်၊ ဒီဇင်ဘာ ၄

ဒီမိုကရေစီအကျိုးပြုကရင်တပ်(DKBA) ထိပ်ပိုင်းအရာရှိခေါင်းဆောင်တချို့ကို ရာထူးတိုးမြှင့်လိုက်ကြောင်း DKBA ဗဟိုစစ်ဌာနချုပ်ရုံး(ဆုံဆည်းမြိုင်) မှ သတင်းထုတ်ပြန်ထားသည်။

DKBA ၏ (၃/၂၀၂၄) ဗဟိုအလုပ်မှုဆောင်ကော်မတီ(CEC) အစည်းအဝေးအပြီးတွင် ထိပ်ပိုင်းအရာရှိ ခေါင်းဆောင်တချို့ကို ရာထူးတိုးမြှင့်လိုက်ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်အား စစ်ဦးစီးအရာရှိချုပ် ရာထူးကို တိုးမြှင့်ပေးခဲ့ပြီး၊ စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စောရွှေဝအား ဒုစစ်ဦးစီးချုပ် ရာထူးကို တိုးမြှင့်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယခင် ဒုစစ်ဦးချုပ်တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်ကြီး စောတာခူးကို ဗဟိုအကြံပေးအဖွဲ့(နာယက)အဖြစ် တာဝန်အသီးသီး တိုးမြင့်ပေးအပ်ခဲ့ကြောင်း DKBA ဗဟိုစစ်ဌာနချုပ်(ဆုံဆည်းမြိုင်)မှ ထုတ်ပြန်ထားသည်။

#သတင်းဟင်းလေးအိုးကြီး

image
image
image
image