21 ပတ် - ဘာသာပြန်ပါ။

လက်စတာနည်းပြဘ၀ပထမဆုံးပွဲကို ဂိုးပြတ်အနိုင်နဲ့စတင်နိုင်ခဲ့တဲ့ နစ္စတယ်ရွိုင်း
-----------------------------------
မန်ယူပရိသတ်တွေရဲ့အချစ်တော်တစ်ယောက်ဖြစ်သလို ကစားသမားဘ၀မှာကတည်းက ပရီးမီးယားလိဂ်ပရိသတ်တွေရဲ့ နွားကြီးလို့ နာမည်ပြောင်ပေးခြင်းခံခဲ့ရသူ ရုဒ်ဗန် နစ္စတယ်ရွိုင်းကတော့ လက်စတာနည်းပြဘ၀ ပထမဆုံးပွဲစဉ်ကို ဂိုးပြတ်နိုင်ပွဲနဲ့ စတင်နိုင်ခဲ့ပါတယ်။ လက်စတာဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ ပွဲရှုံး၊ ၁ ပွဲသရေနဲ့ နိုင်ပွဲပျောက်ဆုံးနေခဲ့တာဖြစ်ပြီး နစ္စတယ်ရွိုင်းကတော့ ပထမဆုံးပွဲမှာပဲ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တာပါ။

လက်စတာအတွက်အဖွင့်ဂိုးကိုတော့ ဝါရင့်တိုက်စစ်မှူး ဂျေမီ ဗာဒီက ပွဲအစ ၉၈ စက္ကန့်မှာပဲ သွင်းယူပေးခဲ့ကာ ပွဲအပြီးမှာတော့ ဝက်စ်ဟမ်းကို ၃-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ ဗာဒီဟာ ၂၀၁၅ ခုနှစ်တုန်းက နစ္စတယ်ရွိုင်းရဲ့ ၁၀ ပွဲဆက်တိုက် ဂိုးသွင်းတဲ့စံချိန်ကို ၁၁ ပွဲဆက် ဂိုးသွင်းကာ ချိုးဖျက်ခဲ့သူဖြစ်ပြီး ၉ နှစ်အကြာမှာတော့ ဆရာတပည့်အဖြစ် ဆုံရတော့လည်း အဖွင့်လှအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းဘုရင်ဘွဲ့ ရရှိခဲ့သူ နစ္စတယ်ရွိုင်းရဲ့ လက်အောက်မှာ လက်စတာတို့ တိုက်စစ်အစွမ်းထက်တဲ့အသင်းဖြစ်လာမလားဆိုတာလည်း စောင့်ကြည့်ရမှာဖြစ်ပါတယ်။

image