630km range အထိ မောင်းနှင်နိုင်မယ့် TOYOTA ရဲ့ bZ3C လျှပ်စစ်ကားသစ်
Toyota အနေနဲ့ သူတို့ရဲ့ bZ3C ကားသစ် ကို 2025 အစောပိုင်းမှာ တရားဝင်မိတ်ဆက်ပေးဖွယ်ရှိပြီး 630 km range အထိ ရရှိနိုင်မှာပါ။ Midsize SUV တစ်စီးဖြစ်တဲ့ bZ3C က လက်ရှိ အချိန်ထိ FAW Toyota ရဲ့ intelligent အဖြစ်ဆုံးကားတစ်စီးဖြစ်ပြီး noteworthy intelligent driving နဲ့ intelligent cockpit တွေလည်း ပါဝင်မယ်လို့ ဆိုထားပါတယ်။
အရွယ်အစားအားဖြင့် 4780/1866/1510 mm ရှိပြီး wheelbase 2880 mm ရှိတဲ့ five-seat SUV တစ်စီးဖြစ်ပါတယ်။ ရွေးချယ်စရာ အရောင်ပိုင်းမှာတော့ မတူညီတဲ့ black, white, gray, orange, red ဆိုတဲ့ exterior color ၅ မျိုးနဲ့အတူ two-tone version အရောင် ၃ မျိုး ရရှိနိုင်ဦးမှာဖြစ်တာကြောင့် စုစုပေါင်း external looks ၈ မျိုးလောက်ထိ ရရှိနိုင်မှာပါ။
15.6-inch infotainment screen ကို ထည့်သွင်းပေးထားပြီး third-party apps ပေါင်း 200 ကျော်ကို Support လုပ်တယ်လို့ ဆိုပါတယ်။ AI face recognition, in-car video calls, reminders about children တို့လို occupant monitoring system တွေကိုလည်း ထည့်သွင်းပေးထားပြီး gesture and voice control, AI virtual assistant တို့လို Feature တွေလည်း ပါဝင်ပါတယ်။
အရှေ့ထိုင်ခုံတွေကို Flat ဖြစ်တဲ့အထိ လှဲလို့ရပြီး second row အထိ နေရာလွတ်တွေ ဖန်တီးပေးနိုင်တဲ့ အပြင် Trunk space 463 liters ရှိတာကြောင့် 24-inch အရွယ် suitcases ၄ လုံးလောက် ထားလို့ရပါတယ်။
Toyota bZ3C ရဲ့ windshield အပေါ်မှာLidar unit တစ်ခုပါဝင်ပြီး high-end smart driving ability ကို ထည့်သွင်းပေးထားတယ်လို့ဆိုပါတယ်။ အဆိုပါ နည်းပညာက end-to-end large model ကို အခြေခံထားပြီး high-speed and parking functions တွေနဲ့အတူ မြို့တွင်းမှာ smart ကျကျ မောင်းနှင်နိုင်စေမှာ ဖြစ်ပါတယ်။
စွမ်းဆောင်ရည်ပိုင်းမှာတော့ 200 kW electric motor ကို ထည့်သွင်းပေးထားပြီး ဘက်ထရီပိုင်းမှာတော့ BYD ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ FinDreams ရဲ့ lithium-ion phosphate blade battery ကို အသုံးပြုထားတယ်လို့ဆိုပါတယ်။ ထည့်သွင်းပေးထားမယ့် capacities ကို အတိအကျ မသိသေးပေမယ့် ဗားရှင်းနှစ်မျိုးဖြင့် ရရှိနိုင်ပြီး CLTC Range 550 km နဲ့ 630 km အထိ မောင်းနှင်နိုင်မယ်လို့ ဖော်ပြနေကြပါတယ်။
လက်ရှိမှာတော့ ရောင်းချမယ့် ဈေးနှုန်းကို သိရခြင်းမရှိသေးပေမယ့် TOYOTA ကားတွေရဲ့ ထုံးစံအတိုင်း ဈေးကွက်ထဲမှာတော့ လှုပ်လှုပ်ခတ်ခတ်ဖြစ်စေဦးမှာ ဖြစ်ပြီး အရှေ့က နောင်တော် BZ series တွေလိုမျိုး ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်ရလာဦးမလားဆိုတာတော့ မိတ်ဆွေတို့ရဲ့ အမြင်လေးတွေ မျှဝေပေးခဲ့ပါဦး။
