21 ပတ် - ဘာသာပြန်ပါ။

"မြိုပတ်ရထားလက်မှတ်ခ ထပ်မံတိုးမြှင့်သတ်မှတ်"

ရန်ကုန်မြိုပတ်ရထား လက်မှတ်နှုန်းထားခကို မူလသတ်မှတ်နှုန်းထက် ထပ်မံတိုးမြှင့်သတ်မှတ်ထားကြောင်း မြန်မာ့မီးရထားမှ သိရသည်။

(ဝ)မိုင်မှ (၁၅) မိုင်ထိကို (၂၀၀) ကျပ်မှ (၄၀၀)ကျပ်အထိ သတ်မှတ်ထားပြီး ယခုအခါ (၅၀၀)ကျပ်အထိ တိုးမြှင့်ထားပြီး (၁၅) မိုင်မှ မိုင် (၃၀) အထိကို ယခင် (၈၀၀) ကျပ်မှ (၁၀၀၀) ကျပ်အထိ တိုးမြှင့်ထားကြောင်း သိရသည်။

အဆိုပါမြိုပတ်ရထားလမ်းပိုင်းတွင် စပိန်နိုင်ငံထုတ် DEMU တွဲဆိုင်းများဖြင့် ဒီဇင်ဘာ ၁ရက်မှစတင်၍ ပြေးဆွဲပေးလျက်ရှိသည်။